Part 4

17.3K 508 20
                                    

Unicode
ဒီနေ့ သူ့ရဲ့ GYM ဖွင့်ပွဲနေ့

မိတ်ဆွေတွေကို လိုက်နှုတ်ဆက်နေတုန်း

"congratulation နော် ကိုဟိန်းထက်"

"ကျေးဇူးပဲ ဝတီ"

"ဟိုကောင်ရော"

"ကျွန်တော်မျိုးက ဒီမှာပါ မင်းသားက ရှိုးအပြည့်နဲ့ ဧည့်သည်တွေလိုက်နှုတ်ဆက်နေရ​တော့ မအားတာမို့ ဟောဒီက ငယ်ကျွန်ကြီးက လိုအပ်တာတွေလိုက်လုပ်ပေးနေရပါတယ်"

"ဟုတ်သားပဲ ကိုကိုကလည်း လိုအပ်တာတွေလုပ်ပေးလိုက် ဝတီဘာသာလာပါမယ်ဆို"

"သဲ တစ်ယောက်တည်းစိတ်မချပါဘူး ပြီးတော့ ဘာမှလုပ်စရာလည်းမရှိဘူး ဒီကောင်ကိုက ဟိန်းထက် ကိစ္စဆို ပူပူပန်ပန်လိုက်ပါနေတတ်တာ အကျင့်ဖြစ်နေလို့ ဟေ့ကောင် မင်းမှာအစ်မတွေ ညီမတွေရှိရင် သူရကိုယောက်ဖတော်သင့်တယ်"

​"တော်ပါကွာ ဒီတိုင်း သူငယ်ချင်တောင် ဒီလောက်နှိပ်စက်နေတာ ယောက်ဖပါတော်ရရင် ငါလည်းဘောင်းဘီကပ်မှာမဟုတ်ဘူး"

"ဟား ဟား ဟား"

သူရတို့နဲ့ စကားပြောနေတုန်း သူ့မျက်စိတဲ့ ဇင်လဲ့နဲ့ ဟိုကောင်မလေးဝင်လာတာတွေ့လိုက်တယ်

"ဇင်လဲ့"

"အေး ဟိန်းထက် congratulation နော် ဒီဒီ ဒါငါ့အစ်ကိုလေ ဟိုနေ့က ကားနဲ့လိုက်ပို့ပေးတဲ့သူ"

ဇင်လဲ့ပြောမှ ဟိုကလေးမက သူ့ကိုမော့ကြည့်လာသည်

အမလေး ဘယ်လိုတွေတောင်ပြုံးပြနေတာလဲ!
ရှပ်အင်္ကျီအနက်ရောင်ကို လက်ခေါက်ဝတ်ထားပြီး စတိုင်ပန်အနက်နဲ့ ခန့်သန့်နေတဲ့ သူ့ကိုဝင်လာကတည်းက ချောလိုက်တာဆိုပြီး ကြည့်နေခဲ့ပေမယ့် အနီးကပ်ကျ မကြည့်ရဲလို့ ခေါင်းငုံ့နေခဲ့တာ ဇင်လဲ့မိတ်ဆက်ပေးမှ မော့ကြည့်လိုက်တော့ ဒီဒီမော့ကြည့်မှာက်ို သိနေတဲ့အလား ကြိုပြုံးပြနေတဲ့ သွားတက်လေးတွေနဲ့ ချစ်စရာကောင်ချောလေးကိုတွေ့လိုက်တယ်

ခပ်တည်တည်နေရင် တည်ငြိမ်ပြီးချောလွန်းတဲ့ သူက ရယ်လိုက်တော့လည်း သွားတက်လေးနဲ့ ကလေးပုံလေးပေါက်သွားတယ်

သူပြုံးပြတာကို ပြန်ပြုံးမပြပဲ မျက်လုံးလေး ပြူးပြီး သူ့ကိုကြည့်နေတဲ့ ကောင်မလေးကိုကြည့်ပြီး ဟိန်းထက်ရယ်ချင်လာတယ်

မင်းတစ်ယောက်သာWhere stories live. Discover now