Part 28

21.5K 467 40
                                    

Unicode
"ဟား ဟား ဟား"

"အဟင်း ဟင်း"

နှစ်ယောက်အတူတူဆိုဖာမှာထိုင်ရင်း Running Man ကြည့်နေတုန်း ရင်ခွင်ထဲက သူမလေးဆီက ရယ်သံလေးတွေ အဆက်မပြတ်ထွက်လာသည်...
ငုံ့ကာကြည့်လိုက်တော့ အားပါးတရရယ်နေတာ မျက်ရည်လေးတွေတောင်စို့နေပြီ..

မျက်ရည်လေးတွေကို လက်မနဲ့အသာအယာ သုတ်ပေးပြီး ပါးလေးကိုနမ်းလိုက်တော့ ပြုံးပြုံးလေးမော့ကြည့်လာကာ သူ့မေးဖျားကို ပြန်လည်နမ်းရှိုက်ပြီး ဖက်ထားတဲ့ သူ့လက်တွေကို ကိုင်ကာ ဆက်ကြည့်ပြီးရယ်နေသည်...

တစ်ယောက်တည်း ယောင်ချာချာရှိနေရတဲ့ ညတွေနဲ့ သူမနဲ့တူတူရှိနေရတဲ့ ညတွေရဲ့ ကွာခြားချက်က အတော်လေးကြီးမားလွန်းပါသည်...
..
..

"မောင် ဒီဒီထည့်ထားတဲ့ ရေခဲချောင်းတွေရော"

​ကြည့်လို့လည်းပြီးရော ထုံးစံအတိုင်းရေခဲသေတ္တာဖွင့်ကာ စားဖို့ရှာနေပြန်ပြီ...

"မရှိတော့ဘူးလား ဟိုနေ့က ဟိုကောင်တွေလာတာ အကုန်စားသွားပြီထင်တယ်"

"ဟုတ်လား အဲ့ဆို အောက်ဆင်းဝယ်လိုက်ဦးမယ်"

"မောင် သွားဝယ်လိုက်မယ်လေ အဲ့တံဆိပ်ပဲမလား"

"ဒီဒီရောလိုက်မယ် အခြားစားချင်တာလေးတွေရော ဝယ်ရအောင်"

"ဒါဆို အောက်မှာမဝယ်ပဲ လမ်းလည်းလျှောက်ရင်း ဟိုဘက်လမ်းကဆိုင်သွားမလား အပြန်ကျ လမ်းထိပ်ကပန်းခြံမှာ ထိုင်ကြမယ်လေ"

"အင်း ကောင်းတယ်"

"လာ သွားစို့"

"နေဦးလေ ခေါင်းလေးဖြီးလိုက်ဦးမယ်"

"ခေါင်းက ဘာလို့ဖြီးနေမှာလဲ လှတယ် ဖြီးမနေနဲ့"

"ရှုပ်ပွနေတာကြီးကို"

"လာ လာ မောင်လုပ်ပေးမယ်"

ပြောပြောဆိုဆို မောင်က ဆံပင်တွေကို လက်နဲ့သေသေချာချာ သပ်ချပေးလိုက်ပြီး ပါးနှစ်ဖက်ကို ဆွဲဖဲ့လိုက်သည်

"အသည်းယားစရာလေးကွာ"

"အား နာတယ် သူ့ အသား မဟုတ်တိုင်း"

မင်းတစ်ယောက်သာWhere stories live. Discover now