Part 10

20K 487 3
                                    

Unicode
"အမလေး"

ဇေယျရယ် ကောင်လေးအချို့ရယ်နဲ့ စကားပြောနေတုန်း ရုတ်တရက် ကောင်မလေးတစ်ယောက် သူ့ရင်ဘက်ထဲပစ်ဝင်လာလို့ အလန့်တကြားရှောင်လိုက်ရသည် တော်သေး သူ့ဘာသူအရှိန်ထိန်းနိုင်လို့ မဟုတ်ရင် လဲကျတော့မှာ

"ယွန်း ရရဲ့လား နင်ကလည်း ဘာဖြစ်တာလဲ"

"ဘာမှမဖြစ်ပါဘူး ဒီက အစ်ကို့ ကိုလာမိတ်ဆက်တာ ဟီး... ညီမနာမည်က ယွန်းယွန်းပါ"

"ဟုတ်ကဲ့ခင်ဗျ"

"ခင်လို့ရတယ်မလား"

"ဟုတ်ကဲ့ ရပါတယ်ဗျ"

"တည့်ပဲမေးလိုက်တော့မယ် အစ်ကို့မှာရည်းစားမရှိဘူးဆို"

"ဗျာ"

"မမဒီဒီကပြောတာ အစ်ကို့မှာရည်းစားမရှိဘူးတဲ့ ဟုတ်လား"

ယွန်းဆိုတဲ့ ကောင်မလေးအပြောကြောင့် သူကြောင်သွားသည် တရားခံမလေးကိုလှမ်းကြည့်လိုက်တော့ ဟိုဘက်အုပ်စုထဲ ဘာတွေပြောပြီး သဘောတကျရယ်နေမှန်းမသိ အရှုပ်တွေမလုပ်ချင်တော့ပါဘူးဆိုမှ သူ့ဆီအရှုပ်ထုပ်တွေလွှတ်လိုက်တာ ဒီဒီ မင်းတော့ တွေ့ဦးမယ်

"ဟေး နင်တို့ကလည်း ဘယ်လိုဖြစ်နေတာလဲ အဆင်တွေ့မယ်ဆိုတာနဲ့ ငမ်းမယ်ကြည့်ပဲ"

"ဘာဖြစ်လဲ ဘာဖြစ်လဲ"

သူ့ရှေ့က ပွင့်ပွင့်လင်းလင်းပြောနေတဲ့ကောင်မလေးတွေကိုကြည့်ရင်း

"ဒါဆို ဒီဒီကတစ်ခုပြောဖို့ မေ့နေတာထင်တယ် ကိုယ်ကသူ့ကို propose လုပ်ထားတာလေ သူကအဖြေပြန်မပေးသေးတော့ ရည်းစားမရှိသေးဘူးဖြစ်နေတာ"

သူ့အပြောကြောင့် ကောင်မလေးတွေတင် မဟုတ် သူရတို့ပါအံ့ဩသွားကြသည်

"သားကြီး မင်း ဘယ်တုန်းကပြောလိုက်တာလဲ"

"ဒီရောက်ရောက်ချင်းပဲ"

"အော် ဒါဆို မမဒီဒီကရှက်နေတာပေါ့ စိတ်ချ အစ်ကို ညီမတို့ ကူညီပေးမယ်နော်"

"ခုန အစ်ကို့ကို crushတယ်ဆိုတာကိုလည်း မေ့လိုက်နော်"

"ဟား ဟား ဟုတ်ပါပြီ"

ဒီဒီသူ့ကိုလှမ်းကြည့်လိုက်တော့ ကောင်မလေးတွေနဲ့ စကားပြောပြီးရယ်နေတဲ့ သူ့ကိုတွေ့လိုက်သည် ပြုံးရယ်ပြီးပြောနေတာကြောင့် သူ့သွားတက်လေးတွေကို မြင်နေရသည်
ဘာလို့ အဲ့လောက်ချစ်ဖို့ကောင်းအောင် ရယ်နေရတာလဲ အမြင်ကပ်စရာကောင်းတာ

မင်းတစ်ယောက်သာWhere stories live. Discover now