Part 22

26.9K 466 17
                                    

Unicode

မနက် သူနိုးလာတော့ သူမလေးက ရင်ခွင်ထဲမှာအိပ်ပျော်နေတုန်းရှိသေးသည်  
ပါးစပ်လေးဟကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတဲ့ပုံလေးက ချစ်ဖို့အလွန်ကောင်းနေသည် လွတ်နေတဲ့စောင်အောက်က ဖွေးဥနေတဲ့ အသားအရေလေးပေါ်မှာ သူ့ပေးထားတဲ့ အချစ်အမှတ်အသားများ... ကြည်နူးစွာပြုံးမိရင်း နိုးသွားမှာစိုးလို့ ပုခုံးလေးပေါ်ကို ခပ်ဖွဖွတစ်ချက်နမ်းကာ စောင်သေချာပြန်ခြုံပေးပြီး အသာထလာခဲ့သည်
..........
.....
.....
.....
လိုက်ကာကြားမှ တစ်စွန်းတစ်စထွက်ပေါ်လာတဲ့ နေရောင်ကြောင့် ဒီဒီနိုးလာခဲ့သည်
ထထိုင်လိုက်တော့ အောက်ပိုင်းဆီမှ အနည်းငယ်နာကျင်မှုကို ခံစားလိုက်ရရင်း ညကအကြောင်းပြန်တွေးမိကာ ရှက်ရွံ့နေမိသည်
မောင့်ကို ဘယ်လိုမျက်နှာချင်းဆိုင်ရမှာပါလိမ့်.....

ကျွီ...

ထိုင်ကာ အတွေးများနေတုန်း တံခါးဖွင့်သံနဲ့အတူ ဝင်လာတဲ့မောင့်ကိုမြင်လိုက်တော့ အလန့်တကြားနဲ့ အိပ်ရာပေါ်ပြန်လှဲချလိုက်သည်

ဒုန်း...

"အား...."

"ချစ်လေး"

"မလာနဲ့  မောင် မလာနဲ့နော်"

ပြေးလာမယ်ပြင်တဲ့ သူ့ကိုအော်ဟစ်တားမြစ်ကာ ခေါင်းကို ပွတ်သပ်နေတဲ့ကောင်မလေး~~
စိတ်ပူလွန်းစွာ သူမတားမြစ်သံကို ဂရုမစိုက်ဘဲ အနားကပ်သွားကာ ခေါင်းလေးကိုပွတ်သပ်ပေးရင်း

"ဘယ်လိုဖြစ်ရတာလဲ အရမ်းနာသွားလား"

"မောင်ကလည်း မလာပါနဲ့ဆို"

"ဘာလို့မလာရမှာလဲ"

"ရှက်လို့"

ပြောရင်း ခေါင်းငုံ့ကာ သူ့အကြည့်ကို ရှောင်တိမ်းနေတဲ့ သူမကိုလိုက်ကြည့်ကာ ချစ်စနိုးဖြစ်လာရင်း

"ဘာရှက်စရာရှိလို့လဲ"

"ညက..."

"အင်း ညက ဘာဖြစ်လဲ"

"မောင်နော်"

"ဟား ဟား မောင့်ကိုပုန်းချင်လို့ ကုတင်နဲ့ ခေါင်းနဲ့ဆောင့်မိတာပေါ့ ဟုတ်လား အူယားစရာလေးကွာ"

မင်းတစ်ယောက်သာWhere stories live. Discover now