Part 30

21.9K 478 27
                                    

Unicode

သူမတို့အိမ်နားလေး ကားရပ်ပြီး ရောက်ပြီဆိုတဲ့အကြောင်းစာပို့ကာ သူမလေးအလာကို စောင့်နေလိုက်သည်....

ဟော! လာပါပြီ ပုစွန်ဆီရောင် ဝမ်းဆက်လေးဝတ်ထားတဲ့ သူမလေးက မနက်ခင်းအလင်းရောင်နှင့် အပြိုင် လှပနေလွန်းသည်

"ရောက်နေတာကြာပြီလား ဒီဒီက ဖုန်းကိုမကြည့်မိဘူး"

"မကြာသေးပါဘူး သနပ်ခါးတွေနဲ့ လှလို့ပါ့လား"

"အဟိ မြန်မာဆန်ဆန်လေးဖြစ်အောင် လိမ်းကြည့်တာ မဆွဲနဲ့နော် ပျက်သွားလိမ့်မယ်"

ပါးလေးကို ဆွဲဖဲ့မလို့ပြင်နေတဲ့ လက်တွေက သူမအပြောလေးကြောင့် ရပ်သွားတော့တယ်... သူကလည်း ဒီကောင်မလေးတွေ့ရင်ကို ပါးလေးဆွဲလိုက်ရမှ နေသာထိုင်သာရှိတယ်...

........

​"လှေကားနဲ့ပဲတက်မယ်မလား"

"အင်း"

ဘုရားကန်တော့လို့အပြီး လှည့်ကြည့်လိုက်တော့ ကျုံ့ကျုံ့လေးထိုင်ကာ အေးအေးဆေးဆေး ကန်တော့နေတဲ့ ရင်အေးဖွယ်အလှလေးကို တွေ့လိုက်ရသည်... ဖုန်းလေးထုတ်ကာ ဓာတ်ပုံလေးရိုက်လိုက်ပြီး အသာထကာ ခပ်လှမ်းလှမ်းသွား ရပ်စောင့်ပေးနေလိုက်သည်

"မောင် ဘုရားကန်တော့တာလည်း မြန်လိုက်တာ ဘုရားစာရောရွတ်ရဲ့လား"

"ဩကာသတော့ ရွတ်ပါတယ် ရွတ်ရင်းနဲ့ လည်ထွက်နေလို့ ဘုရားကို တောင်းပန်ပြီး ဆက်မရွတ်တော့တာ"

"မောင်ကလည်း ဩကာသတောင် မရဘူးလား"

"မရတာမဟုတ်ပါဘူး.. မေ့သွားတာ..ငယ်ငယ်က ကျောင်းမှာ တစ်ခန်းလုံးနဲ့သံပြိုင်အော်ရွတ်နေကျဆိုတော့ တစ်ယောက်တည်းကျ ကြောင်တောင်တောင်နဲ့ မရွတ်တတ်တော့ဘူး"

"အမလေး.. မောင် ရွတ်တတ်အောင် ဓမ္မာစကြာအသင်းတောင် ခေါ်ရမလိုလို"

"ကဲပါ... လာ လာ ရင်ပြင်ပေါ်တစ်ပတ်ပတ်ရအောင် ခဏနေ နေပူလာတော့မှာ"

လက်လှမ်းဆွဲလိုက်တော့ မပြောချင်ဘူးဆိုတဲ့ ပုံစံလေးနဲ့ သူဆွဲခေါ်ရာနောက်ကိုလိုက်လာတော့သည်.....
ဘုရားရိပ် တရားရိပ်အပြင် ဘေးနားက ချစ်သူအရိပ်လေးကြောင့် မနက်ခင်းလေးက သာယာပြီး အေးမြလွန်းလှပါသည်....
.
.
​"ကော်ရည်ခေါက်ဆွဲတစ်ပွဲရောနော်... ကော်ဖီကပြီးမှမှာတော့မယ်"

မင်းတစ်ယောက်သာWhere stories live. Discover now