Part 25

26.1K 462 32
                                    

Unicode

"ဘာတွေဝယ်လာတာလဲ"

"မောင့်အတွက် ထမင်းပေါင်းလုပ်ပေးမလို့လေ"

"ပင်ပင်ပန်းပန်း ဘာလို့လုပ်မှာလဲ အချိန်လည်းကြာတယ် ဝယ်စားလိုက်ပြီးနေတာကို"

"ဘာမှမပင်ပန်းဘူး အရွက်လေးသင်​ရုံပဲ မောင် ဝင်မရှုပ်ရင်မကြာဘူး"

ပြောပြောဆိုဆို သူ့လက်ထဲကအထုတ်တွေကိုဆွဲကာ မီးဖိုထဲဝင်သွားပြီး ကြည့်သွားတဲ့အကြည့်က လိုက်မလာခဲ့နဲ့ဆိုတဲ့ အကြည့်..
ဒီရက်ပိုင်း ဟင်းချက်ရတာ သဘောကျနေတဲ့သူမလေးက တစ်မျိုးပြီးတစ်မျိုးသူ့ကို ချက်ကျွေးနေပြီး အိမ်လာရင် မီးဖိုခန်းထဲပဲ အချိန်ကုန်သည်
သူမနဲ့ နီးနီးကပ်ကပ်လေးရှိချင်လို့ သွားပြီး ကူညီပေးတော့လည်း သူလုပ်သမျှတစ်ခုမှသဘောမကျပဲ သူ့ကြောင့် အချိန်ကုန်တယ် ဆိုပြီး အော်တတ်သည် သူကလည်းသူပဲ ကူလုပ်တာထက် နှောင့်ယှက်တာကများများကိုး....

ခုလည်း ရောက်ကတည်းက သူ့ကို တစ်ချက်ပဲကြည့်ပြီး မီးဖိုထဲမှာတစ်ယောက်တည်း အလုပ်ရှုပ်နေပြန်ပြီ..

ဧည့်ခန်းထဲက ဆိုဖာမှာလှဲရင်း မြင်နေရတဲ့မီးဖိုခန်းထဲက သူမရဲ့လှုပ်ရှားမှုလေးတွေကို လိုက်ကြည့်နေမိသည် ဒီနေ့ သူမလေးက ဂျင်းဘောင်းဘီပေါင်လည်လောက်လေးကို oversize တီရှပ်နဲ့ဝတ်ထားသည် တီရှပ်ပွပွကြီးနဲ့ဖုံးထားပေမယ့် လှပတဲ့ ခန္ဓာကိုယ်အချိုးအစားကို မကာကွယ်နိုင်ပါ...
ထွားကျိုင်းတဲ့ ခန္ဓာကိုယ်အချိုးအဆစ်ထဲမှာပါတဲ့ ဒီဒီက စနစ်တကျကစားလိုက်တဲ့အခါ အရမ်းမိုက်တဲ့ body ကိုရရှိလာသည် ဒါကိုသူမလေးက သဘောမကျပဲ ကိုစိုင်းကို ပိန်ပိန်သေးသေးလေးဖြစ်ချင်တယ် ခဏတိုင်းပြောနေသေးသည်....
သူကတော့ အဆီခေါက်လေးတွေပြည့်နေတဲ့ ခန္ဓာကိုယ်လေးတုန်းကလည်း အူယားပြီးချစ်ရသလို ခုလို sexy ကျတဲ့ bodyလေးနဲ့ကျပြန်တော့လည်း စိတ်လှုပ်ရှားစွာနဲ့ချစ်ရပြန်ပါသည်...

တွေးရင်း မနေနိုင်တော့စွာ သူမလေးအနားကို ထသွားလိုက်ပြီး ခါးလေးကိုဆွဲဖက်ကာ....

"မပြီးသေးဘူးလား"

"ခုမှ အရွက်တွေသင်တုန်း ..၁၀နာရီပဲရှိပါသေးတယ် ...မောင်ဗိုက်ဆာနေပြီလား မုန့်တွေဝယ်လာတယ်လေ ဆာရင် မုန့်စားထားနှင့် ဒါလေးတွေပြီးရင် ခဏပဲ ရပြီ"

မင်းတစ်ယောက်သာWhere stories live. Discover now