Part 15

24K 510 17
                                    

Unicode
အလုပ်လုပ်နေတဲ့ မောင့်ကိုစောင့်ရင်း ဒီဒီလည်း အခန်းထဲလျှောက်ကြည့်နေလိုက်သည်
မောင်က အသန့်အပြန့်ကြိုက်တော့ ယောကျာ်းလေးတစ်ယောက်တည်းနေတဲ့ အခန်းဆိုပေမယ့် သန့်ရှင်းသပ်ရပ်နေသည် ပြတင်းပေါက်နားမှာ ဖွင့်ပွဲနေ့က ဒီဒီပေးထားတဲ့ indoor plant လေးကိုထားထားသည်

ရုံးခန်းထဲမှာမတွေ့လို့ သူများတွေပေးတဲ့ပစ္စည်းတွေနဲ့ ရောပါသွားပြီမှတ်တာ ဒီရောက်နေတာကိုး
အပင်လေးကို ကြည်နူးစွာတစ်ချက်ကြည့်ရင်း မီးဖိုခန်းဘက်ကိုလျှောက်လာခဲ့သည် ဘာမှချက်စားမထားမှန်းသိသာစွာ မီးဖိုခန်း တစ်ခုလုံး ပြောင်လက်သန့်ရှင်းနေသည် ဘီရိုတွေထဲဖွင့်ကြည့်တော့ ခေါက်ဆွဲခြောက်ထုပ်နဲ့ protine ထုပ်တွေသာရှိပြီး ရေခဲသေတ္တာထဲတွင်တော့ ရေဘူး ဘီယာဘူး အသီးအနှံနည်းနည်းနှင့် ကြက်ဥအနည်းငယ်သာရှိသည်

"မောင် ရေသောက်ဦးမလား"

"အင်း ယူခဲ့ပေးပါဦး"

​ရေသောက်ရင်း မောင့်ကိုသတိရကာမေးလိုက်ကာ အလုပ်လုပ်နေတဲ့နားသွားပေးလိုက်သည် မောင်ကယူသောက်ပြီး

"thanks ချစ်လေး ပင်ပန်းလိုက်တာကွာ မောင့်ကို အားဆေးကျွေးဦး"

ချွဲနွဲ့ကာပြောလာတဲ့မောင့်ကြောင့် ဒီဒီမောင့် နားထင်ကိုတစ်ချက်နမ်းလိုက်ပြီး

"မြန်မြန်လုပ်တော့ နောက်တစ်ခါဖုန်းဆက်လို့မှမပြီးရင် အော်ခံရတော့မယ်"

တစ်ချက်နမ်းပြီး ပြောပြောဆိုဆိုထွက်သွားတဲ့ကောင်မလေးကို လိုက်ကြည့်ရင်း ရယ်မိတော့သည် ဒီဒီလေးလည်း သူ့အကြောင်းကို တော်တော်သိနေပြီ
သူကလည်းသူပဲ သူမကိုတွေ့ရင် မထိရပဲကိုမနေနိုင်အောင်ဖြစ်ရသည် လူတွေကြားထဲရောက်နေရင်တောင် ပါးလေးပဲဖြစ်ဖြစ်ဆွဲဖဲ့လိုက်ရမှ နေသာထိုင်သာရှိသည်....နှုတ်ခမ်းလေးကိုထိမိရင်တော့ တော်တော်နဲ့ရပ်မရတော့....ဒီဒီကတော့ သူမ အမောခံနိုင်တာ GYMဆော့လို့မဟုတ်ပဲ သူ့အနမ်းတွေကြောင့် အလေ့အကျင့်ရသွားတာလို့ပြောသည်..

တီရှပ်အမဲရောင်လေးကို ဂျင်းစကတ်ရှည်လေးနဲ့ဝတ်ထားတဲ့သူမလေးက ဝပေမယ့် သူ့ခန္ဓာကိုယ်အချိုးအစားနဲ့သူရှိတော့ ချစ်စရာကောင်းစွာ ဝနေတယ်လို့ဆိုရမယ် သူမလေးကသာ ကိုယ့်ကိုကိုယ်မလှဘူးထင်ပြီး စိတ်ဆင်းရဲနေပေမယ့် သူ့အတွက်ကတော့ ဒီပုံစံလေးကိုပဲ ချစ်မဝဖြစ်နေရတာကိုသိမယ်မထင်ဘူး..

မင်းတစ်ယောက်သာWhere stories live. Discover now