................................................................
"လရောင်ထဲ ကိုယ်လမ်းလျှောက်ချင်တယ်... ဘယ်ကို ရောက်နေလဲ မစဥ်းစားဘူးကွယ်... အိုးဟိုး... အချစ်ရယ်... သွားကြစို့ လာအတူတူ... သီချင်းလေး ညည်းမယ်... တွေးကြည့် ကိုယ် သိပ်ပျော်မှာပဲ..."
ကားထဲမှ ဖွင့်ထားသော ဟေမာနေဝင်း၏ သီချင်းလေးကို ညည်းရင်း သန့်က ကားကို ဖြေးဖြေးမှန်မှန် မောင်းလာလေ၏... သို့သ်ော လမ်းချိုးတစ်ခုမှ ရုတ်တရက် ကွေ့လာသော ကား၏ ရှေ့မီးအလင်းရောင်ကြောင့် သန့်က ရုတ်တရက်လန့်ကာ ဘရိတ်နင်းလိုက်သော်လည်း လီဗာကို မှားနင်းမိပြီး ကားမှာ အရှိန်ဖြင့် ဆောင့်ထွက်သလို ဖြစ်သွားလေရာ သန့်က ဘာလုပ်ရမှန်းမသိ ကြောင်၍ ကြည့်နေစဥ် ကျွန်မက စတီယာတိုင်ကို ကျွန်မဘက်သို့ ကွေ့ချလိုက်လေ၏...
......................................................................................
လှိုင်းတွေကြားထဲ သန့်က ပြေးဆော့နေလေ၏... ကျွန်မက ကမ်းခြေမှ ကြည့်နေရင်း သန့်က ကမ်းခြေနှင့် တဖြည်းဖြည်းချင်း ဝေးသွားကွာသွားလေ၏... မျက်စိတစ်မှိတ်အတွင်းပင် ပင်လယ်ထဲ၌ သန့်၏ အရိပ်အယောင်ကို မတွေ့ရတော့ပေ...
"အသန့်လေး... အသန့််လေး..."
အကြိမ်ကြိမ် အော်ခေါ်နေသ်ောလည်း ကျွန်မခေါ်သံ၏ ပဲ့တင်သံများကိုသာ ပြန်လည်ကြားနေရလေသည်...
"အသန့်လေးရေ... မမ ခေါ်နေတယ်လေကွယ်... ပြန်ထူးပါဦး... အသန့်လေး..."
ကျွန်မ၏ လက်ကို တစ်စုံတစ်ယောက်က အနောက်မှ လှမ်းကိုင်လိုက်သဖြင့် လှည့်ကြည့်လိုက်လေရာ ရွှေရည်က ငိုလျက်
"မသန့်ရဲ့ အနာဂတ်ကံကြမ္မာကို တားရော့ကြည့်တာ နောက်တစ်နှစ်ကိုပဲ မြင်ရတော့တယ်..."
"ဟင့်အင်း... မဟုတ်ဘူး... အသန့်လေး... အသန့်လေး..."
.............................................................................
သန့် - "မမ သတိရပြီလား... အသန့်လေး ရှိတယ်လေ မမရဲ့..."
မျက်လုံးပွင့်လာသည်နှင့် ကုတင်နံဘေးတွင် ထိုင်နေသော သန့်ကို တွေ့လိုက်ရလေ၏...
ကျွန်မက ထထိုင်လိုက်သောအခါ
သန့် - "မမ ခဏလေးနော်... ရွှေရည် ဆရာဝန်ကို သွားခေါ်နေတယ်..."
ကျွန်မ - "ဒါ အခု ဆေးရုံမှာလား... အသန့်လေး ဘာဖြစ်သွားသေးလဲ..."
သန့် - "အသန့်လေးက ဘာမှ မဖြစ်ဘူးလေ... ဘရိတ်အုပ်လိုက်တုန်း မမက ကြောက်လန့်ပြီး စတီယာတိုင်ကို ဆွဲလှည့်လိုက်တော့ ကားက slip ဖြစ်ပြီး လည်ထွက်သွားတာ ကားနောက်ဖုံးကတော့ သစ်ပင်နဲ့ထိသွားတယ်... မမက လန့်ပြီး သတိလစ်သွားတာ..."
သန့်၏ စကားအဆုံး ကျွန်မက သန့်ကို ဆွဲယူ၍ သိုင်းဖက်လိုက်ကာ
ကျွန်မ - " ရပြီ... အသန့်လေး ဘာမှ မဖြစ်ရင်ပဲ ကျေနပ်ပြီ..."
သန့် - " ဟယ်... ငိုနေတာလား... အသန့်လေးက ဘာမှ မဖြစ်ဘူးလေ မမရဲ့... မငိုနဲ့တော့နော်..."
ကျွန်မက သန့်ကို မော့ကြည့်လိုက်ကာ
ကျွန်မ - "တကယ် ဘာမှ မဖြစ်ဘူးမလား..."
သန့် - "ဘာမှ မဖြစ်ပါဘူး မမရယ်..."
ကံကြမ္မာဆိုသည်မှာလည်း အမြဲ ပြောင်းလဲတတ်သည့်အမျိုးမဟုတ်လား... ကျွန်မကို ရွှေရည်က တမင် ဆေးထိုးလိုက်သည်လား ဘာလားလည်း ကျွန်မ မသိချင်တော့ပေ... သန့်၏လက်ကို တွဲရင် သက်ဆုံးတိုင် အတူရှိသွားကြရမည်ဆိုလျှင်ပင် ကျွန်မအတွက်တော့ လောကနိဗ္ဗာန်ပင်...
နောင်သံသရာအကြောင်းကိုလည်း မတွေးချင်တော့ပေ...
ကျွန်မ - "ချစ်တယ် အသန့်လေး..."
သန့်ကတော့ ကျွန်မအား ပြုံး၍ကြည့်ရင်း ကျွန်မလက်ကို ဆုပ်ကိုင်လိုက်ကာ
သန့် - "အသန့်လေးလည်း မမကို ချစ်တယ်..."
အချစ်ဆိုသည်မှာလည်း ဤသို့ ဤပုံ၊ သံယောဇဥ်ကြိုးဆိုသည်မှာလည်း ဤသို့ ဤပုံနှယ်...
.....................................................။..............................................
The End
13/09/2022
5:05 AM (THT)
နောက်ဆုံးမှာတော့ အားလုံးစောင့်မျှော်နေကြတဲ့ The Rope ဆိုတဲ့ fic ကလေးဟာ ဇာတ်သိမ်းသွားခဲ့ပါပြီ။ အကြာကြီး စောင့်မျှော်ပေးခဲ့ကြလို့ ကျေးဇူးတင်ပါတယ်။
CITEȘTI
The Rope (Own Creation)
Ficțiune adolescențiAs my own style, I rated this story as 13 yrs old & above. (Zawgyi) တချို့သော ကြိုးတွေက မထုံးနိုင်ပေမယ့်လည်း ရုန်းနိုင်ခဲတယ်လေ... Summary အလွန်ထက်မြက်တဲ့ သန့်ကြယ်စင်ဆိုသော မိန်းကလေး ရည်းစားဟောင်းနှင့် ပြဿနာတက်ကာ စိတ်ပြေလက်ပျောက် ခရီးထွက်လာရင်း သန္တာ...
Part - 30 (Ending) Unicode
Începe de la început
