Part - 30 (Ending) Unicode

Start from the beginning
                                        

ဘဝမှာ ဘယ်တော့မှ နောင်တမရမည့်အရာကို ပြောပါဆိုလျှင် သန့်ကို ချစ်မိခြင်းဟုပင် ချက်ချင်းလက်ငင်း ဖြေမိလိမ့်ပေမည်။ ဆယ်စုနှစ်တစ်ခုကြာအောင် စတွေ့ကတည်းက ကျွန်မ၏ နှလုံးသားကို သိမ်းပိုက်သွားသည့် တစ်ဦးတည်းသော ထိုအမျိုးသမီးလေးကို မြတ်နိုးလွန်းလို့ ဘယ်လို လုပ်ရပါမည်နည်း...

အချစ်ဟူသည်မှာ ဤကဲ့သို့ ဆန်းပြားလှလေသော အကြောင်းပြချက်မရှိသည့်အရာပင်...

သန့်က မြတ်ရှင်မော်ဘုရားမှ လှမ်းမြင်နေရသော ပင်လယ်ပြင်ကြီးကို ငေးကြည့်နေရင်း

သန့် - " ရုတ်တရက် ခေါင်းပေါ်ကျလာတဲ့ ထီးအရိပ်ကြောင့် လှည့်ကြည့်လိုက်တဲ့အချိန် မြင်ခဲ့ရတဲ့ မမရဲ့ မျက်နှာကို အသန့်လေး အခုထိ မေ့မရတာ အမှန်ပဲ... အဲ့အချိန်အခိုက်အတန့်လေးမှာပဲ လူတစ်ယောက်ကို ရုတ်တရက် ချစ်မိသွားတဲ့ အသန့်လေးကိုယ်အသန့်လေးလည်း အံ့သြခဲ့ရတယ်..."

ကျွန်မ - "မမကမှ အရင်ချစ်ခဲ့ရသူပါနော်..."

သန့် - 'အချစ်မှာ အချိန်ကာလ လိုလို့လား မမရယ်... ဘယ်သူပဲ စချစ်ချစ် အသန့်လေးတို့နှစ်ယောက် အပြန်အလှန်ချစ်နေကြရင် ပြည့်စုံပြီပေါ့..."

ကျွန်မ - "ဟုတ်ပါပြီရှင်..."

တိုက်ခတ်နေသော ပင်လယ်လေတို့၏အသံ၊ ကျောက်ဆောင်သို့ လှိုင်းလုံးရိုက်သံတို့အပြင် ချစ်ရသူကပါ အနားမှာ ရှိနေသောကြောင့် ဤညနေခင်းလောက် လှပသည့် ဆည်းဆာရှိပါတော့မလား...

......................................................................

မရောက်တာ ကြာသော ထားဝယ်၏ ညစျေးသည် ယခင်ထက် ပိုမိုစည်ကားကာ ဆိုင်ခန်းများလည်း ပိုမို စုံလင်လာပေသည်။

အတိတ်နေ့ရက်များမှ ရုန်းမထွက်နိုင်ဟု ဆိုရလောက်အောင်ပင် လွန်ခဲ့သော ဆယ်နှစ်က သန့်နှင့်အတူလည်ပတ်သည့်အချိန်များကို ပြန်လည်သတိရမိပေသည်။ အခုတော့ ထိုကလေးမက ကျွန်မဘဝ၏ လက်တွဲဖော် ဖြစ်နေလေပြီ...

ဟိုတယ်သို့ ပြန်ရန် ကားပေါ်သို့ တက်လိုက်သည်နှင့် သန့်က ထုံးစံအတိုင်းပင် ကျွန်မအား ခါးပတ်ပတ်ပေးလေသည်... သန့်၏ လုပ်နေကျ အပြုအမူဆိုပေမယ့် ကျွန်မအတွက်တော့ ယခုချိန်ထိ ရိုးမသွားသည့် ရင်ခုန်မှုပင်...

The Rope (Own Creation)Where stories live. Discover now