ကျွန်မကတော့ နောင်တမရချင်ပါ။ ဘယ်တော့ပဲဖြစ်ဖြစ် အတူရှိနေချိန်မှာ အကောင်းဆုံး ရှိနေပြီး အတူမရှိတော့တဲ့အခါ ထိုအမှတ်တရများကြောင့် ကြည်နူးချင်မိသည်။ တိုတောင်းလှသောဘဝကို ဘာ့ကြောင့် စိတ်ပင်ပန်းမှုများဖြင့် ဖြတ်သန်းရမည်နည်း။...
မနက် ဘုရားဝတ်ပြုပြီးလို့ ဘုရားခန်းအတွင်းမှ ထွက်လိုက်သည်နှင့် အိမ်ရှေ့တံခါးဆီမှ တံခါးဖွင့်သံကို ကြားလိုက်ရလေသည်။ သန့်တို့ညီအစ်မက စကားတပြောပြောဖြင့် ဝင်လာကြလေသည်။
ကျွန်မက အောက်ထပ်သို့ ဆင်းလာကာ
ကျွန်မ - "ခဏနားကြဦးနော် ညီမလေးတို့... မမ ခုန ဘုရား ဝတ်ပြုပြီးမှ မနက်စာ ပြင်ပေးထားမယ်ဆိုပြီး ဘုရားပန်းအိုးလဲတာ ကြာသွားလို့..."
ရွှေရည် - "ရတယ် ဆရာမ... သမီးတို့ဖာသာ ပြင်လိုက်မယ်..."
သန့် - "ဒီနေ့ လပြည့်ဆိုတော့ မမက ဥပုသ်စောင့်မှာ မဟုတ်လား... ကြိုသိလို့ အသန့်လေး ဟင်းရံတွေ ဝယ်လာတယ်... မမ နားလိုက်ပါ..."
ကျွန်မ - "အသန့်လေးတို့ အားလို့လား..."
သန့် - "မမကို ပါရမီဖြည့်တဲ့အနေနဲ့ အားပေးလိုက်ပါတယ်"
ကျွန်မ - "အမလေး... ကျေးဇူးပါရှင်... ဒါဆို မမ ဘုရားကျောင်းဆောင် သန့်ရှင်းရေးလုပ်လိုက်ဦးမယ်နော်"
သန့် - "ဟုတ်..."
ကျွန်မက အပေါ်ထပ်သို့ ပြန်တက်လာလေလျှင် သန့်တို့လည်း မီးဖိုအတွင်းသို့ ဝင်သွားလေ၏။
.............................................................................
ပင်လယ်ပြင်ကို ဖြတ်သန်းကာ မျက်နှာသို့ တိုက်ခတ်လာသေ လေပြေတို့ကို ရှူရှိုက်ရင်း ပြာလွင်နေသော ကောင်းကင်နှင့် မျက်စိတဆုံး ကျယ်ပြောလှသော ပင်လယ်ပြင်ကို ငေးကြည့်ရင်း နံဘေးရှိ ချစ်ရသူ၏ လက်ကို ဆုပ်ကိုင်လိုက်လေသည်...
မပြောမဆိုဖြင့် ရုတ်တရက် ခရီးသွားမည်ဟု ဆိုကာ ဤနေရာသို့ နောက်တစ်ကြိမ် ထပ်မံ ခေါ်လာလေသော သန့်ကိုလည်း ကျေးဇူးတင်မိသည်။ ထားဝယ် ရှင်ကိုးရှင်ဘုရားတို့က တနသꧥာရီဒေသ၏ သမိုင်းတွင်သာမက ကျွန်မတို့ နှစ်ဦး၏ သမိုင်းတွင်လည်း ဧကန်ပင် အရေးပါလှပေသည်။
YOU ARE READING
The Rope (Own Creation)
Teen FictionAs my own style, I rated this story as 13 yrs old & above. (Zawgyi) တချို့သော ကြိုးတွေက မထုံးနိုင်ပေမယ့်လည်း ရုန်းနိုင်ခဲတယ်လေ... Summary အလွန်ထက်မြက်တဲ့ သန့်ကြယ်စင်ဆိုသော မိန်းကလေး ရည်းစားဟောင်းနှင့် ပြဿနာတက်ကာ စိတ်ပြေလက်ပျောက် ခရီးထွက်လာရင်း သန္တာ...
Part - 30 (Ending) Unicode
Start from the beginning
