Part - 30 (Ending) Unicode

Start from the beginning
                                        

ကျွန်မက ကျွန်မအား ထွေးပွေ့ထားသော သန့်၏ လက်အစုံကို ကိုင်လိုက်ကာ

ကျွန်မ - " ဟင့်အင်း... မမအတွက် တစ်ခုတည်းသော လိုအပ်ချက်က မမအနားမှာ အသန့်လေး ရှိနေပေးဖို့ပဲ... အသန့်လေးမျက်နှာ တစ်ကမ္ဘာထင်ပြီး အရာရာကို လွှတ်ချခဲ့တာမို့ မမကို ချစ်ပေးပါ၊ ဂရုစိုက်ပေးပါ... ဒါလေးတစ်ခုပဲ မမ တောင်းဆိုချင်တယ်... မမကလေ အရင်ကတော့ အသန့်လေးကို မြင်နေရတာနဲ့တင် ကျေနပ်နေတဲ့လူစားမျိုး၊ ဒါပေမယ့် အခုလို အမြဲအတူရှိနေခွင့်လေး ရနေတော့ လောဘတက်လာမိတယ် ထင်ပါရဲ့..."

သန့် - "လောဘတက်တော့ရော ဘာဖြစ်လဲ... မမမှာ လောဘတက်ပိုင်ခွင့်ရှိတယ်... အသန့်လေးက မမအပိုင်၊ အသန့်လေးရဲ့ဘဝမှာလည်း သန္တာရောင်ဆိုတဲ့ မမတစ်ယောက်ပဲ ရှိခဲ့သလို၊ အမြဲတမ်းလည်း မမပဲ ဆက်ရှိသွားမှာ..."

ကျွန်မ - "အသန့်လေး..."

သန့် - "ရှင်..."

ကျွန်မ - "မမတို့ ထားဝယ်ကို ထပ်သွားကြရအောင်... မမတို့ရဲ့  နှဖူးစာရွာလည်ခဲ့တဲ့ နေရာလေးဆီကို..."

သန့် - "အင်း,,, သွားကြတာပေါ့၊ အစ်မကြီးတစ်ယောက်က အသက်မပြည့်သေးတဲ့ ကလေးမလေးကို ခိုးချစ်ခဲ့တဲ့နေရာ..."

ကျွန်မ - "ဟုတ်ပါတယ်၊ ကျွန်မပဲ စချစ်ခဲ့ရ၊ ကျွန်မပဲ စပြောခဲ့ရတာ၊ ဟောသည့်မာနခဲလေးရဲ့ အချစ်ကို လုဖို့ တအားပင်ပန်းခဲ့ရတာ... အပြိုင်အဆိုင်တွေကလည်း များလိုက်တာဆိုတာ..."

သန့် - "မမကသာ သူတို့ကို အပြိုင်အဆိုင်လို့ လိုက်ပြီးသဘောထားနေတာ၊ အသန့်လေး မျက်လုံးထဲမှာ မြင်တာက မမတစ်ယောက်တည်းပဲဟာကို..."

ကျွန်မ - "တကယ်လား..."

သန့် - "ဪ ... သူကဖြင့် ကျွန်မ အိပ်ရာပေါ်ရောက်နေပြီ အခုထိ တကယ်လား လုပ်တုန်း..."

ကျွန်မ - "အသန့်လေးကလေ... စကားအကောင်းကို ပြောလို့ မရဘူး,,,"

ကျွန်မတို့အတူ ရယ်မောလိုက်ကြလေသည်။

...................................................................

မေမေ ပြောဖူးတဲ့ စကားတစ်ခွန်းရှိသည်။

"လူတွေက အတူရှိတုန်း တန်ဖိုးမထားကြဘဲ ပြန်မရနိုင်တော့တဲ့အခါမှ တမ်းတတတ်ကြတယ်"တဲ့...

The Rope (Own Creation)Where stories live. Discover now