Part - 30 (Ending) Unicode

Start from the beginning
                                        

ကျွန်မ - " ဟုတ်ပါတယ်... ငါကိုက လျှာရှည်ပြီး မေးမိတာ ... "

သန့်က ကျွန်မအား မျက်စောင်းထိုးလျက် ပြုံးလိုက်ကာ

သန့် - " ဘာလဲ... စိတ်ကောက်တာလား... "

ကျွန်မ - " ကောက်စရာလား... "

သန့် -  " မကောက်ရင်လည်း ပြီးရော... အလုပ်ဆက်လုပ်လိုက်ဦးမယ်... "

သန့်က ပြုံးလျက် Laptop ဘက်သို့ ပြန်လှည့်သွားလေသည်။ ကျွန်မက သန့်၏ နံဘေးရှိ ခုံတွင် ထိုင်လိုက်ကာ သန့်အား ငေးကြည့်၍

ကျွန်မ - " အသန့်လေး မမကို မချစ်တော့ဘူးလားဟင်... "

သန့်က ကျွန်မကို လှည့်မကြည့်ဘဲ Laptop Screen ကို ကြည့်ရင်း ပြုံးလိုက်လေသည်။

သန့် - " အသန့်လေး အလုပ်လုပ်ရဦးမယ် မမရဲ့... ခဏလေးနေမှ ရစ်နော်..."

ကျွန်မ - " နေတော့ ... အိပ်တော့မယ်... "

သန့် - " အင်း... Good Night... "

သန့်က ကျွန်မကို အနည်းငယ်မျှပင် လှည့်မကြည့်ပါ။ သူမ လုပ်စရာ ရှိသည့် အလုပ်ကိုသာ ဆက်လုပ်နေပေသည်။ ကျွန်မလည်း မကျေမနပ်ဖြင့် သန့်ဘက်သို့ ကျောပေးကာ စောင်ကို ခေါင်းမြီးခြုံကာ အိပ်လိုက်လေသည်။

စောင်သည် အနောက်ဘက်ဆီမှ ရုတ်တရက်ဆိုသလို အေးစက်သော လေအေးအချို့ကို ခံစားလိုက်ရလေသည်။

ရုတ်တရက် လက်တစ်ဖက်က ကျွန်မ၏ခါးအထက်မှ ထိတွေ့လာသကဲ့သို့ ခါးအောက်မှလည်း လက်တစ်ဖက် လျှိုဝင်လာကာ ကျွန်မအား တင်းတင်းကြပ်ကြပ် ဖက်ထားလေသည်။

သန့် - " အိပ်ချင်ယောင်ဆောင် မနေနဲ့၊ မအိပ်သေးတာ သိတယ်... "

ကျွန်မက ဘာမှ မပြောဘဲ ငြိမ်နေလေရာ

သန့် - "မမ အခုတလော ဘာတွေ ဖြစ်နေတာလဲ။ သွေးဆုံးခါနီးလို့လား။"

ကျွန်မ - "ဟဲ့..."

သန့်၏စကားကြောင့် ကျွန်မ ငုတ်တုတ်ထထိုင်လိုက်မိလေသည်။

သန့်ကတော့ ကျွန်မကို ကြည့်ကာ ရယ်နေလေသည်။

ထို့နောက် ကျွန်မအား ပွေ့ဖက်လိုက်ကာ၊

သန့် - " Sorry ပါ၊ မမရယ်... အသန့်လေး အခုတလော အလုပ်နည်းနည်း များနေခဲ့လို့ မမကို ဂရုမစိုက်ပေးနိုင်ခဲ့ဘူး။ အသန့်လေး သန်ဘက်ခါဆိုတာနဲ့ အားပြီမို့ မမ ဘယ်သွားချင်လဲ၊ ဘာလုပ်ချင်လဲ စဥ်းစားထားနော်။"

The Rope (Own Creation)Where stories live. Discover now