Part - 30 (Ending) Unicode

Magsimula sa umpisa
                                        

ကျွန်မ - " ဟင်... "

ရွှေရည် - " သမီးတော့ အဲ့လိုပဲ ယူဆတယ်... "

ရွှေရည့်စကားအဆုံး ကျွန်မ ရယ်လိုက်မိလေသည်။

ကျွန်မ - " မနောက်ပါနဲ့ ရွှေရည်ရယ်... အသန့်လေး အမြတ်နိုးအရာက ငါဆိုတာ ဖြစ်နိုင်လို့လား... ရွှေရည်လည်း တော်တော် စိတ်ကူးယဉ်တတ်တာပဲ... "

ရွှေရည် - " မသန့်ကလေ... ထုတ်မပြပေမယ့် အများကြီး နွေးထွေးတဲ့သူပါ... အမြဲ အဆင်ပြေချင်ယောင်ဆောင်ထားပေမယ့် သူ့မှာလည်း Dark side ရှိတာပဲ... မသန့်က ကိုယ့်ဖာသာနေနေတတ်ပေမယ့် ဆရာမကိုတော့ ဘယ်လောက်ချစ်သလဲဆိုတာ ညီမတစ်ယောက်အနေနဲ့ သမီး အားလုံး မြင်နေရတယ်... မသန့်လိုလူက မချစ်ဘဲ ဆရာမကို ဆွဲထားပါ့မလား... "

ကျွန်မ - " ချစ်မှန်းတော့ သိပေမယ့် ရွှေရည်ပြောတဲ့ အမြတ်နိုးဆုံးအရာဆိုတာကြီးကကျ ပိုလွန်းသွားပြီ မဟုတ်လား... "

ရွှေရည့်က ကျွန်မမျက်နှာကို စိုက်ကြည့်ကာ

ရွှေရည် - " မသန့်လိုလူမှာ လိုအပ်တာ ဘာရှိလို့လဲ... ဆရာမဆီက အချစ်ပဲရှိတာ... "

ရွှေရည့်စကားကြောင့် ကျွန်မက ရွှေရည့်အားပြုံးကာ ကြည့်လိုက်မိလေသည်။

................................................

စာကြည့်စားပွဲ၌ Laptop တစ်လုံးဖြင့် အလုပ်ရှုပ်နေသော သန့်အား ကျွန်မက အနောက်မှ သိုင်းဖက်လိုက်ကာ...

ကျွန်မ - " မအိပ်သေးဘူးလား... ကလေး... "

သန့် - " ဒါလေး လက်စသတ်မလို့... ခဏနေ  အိပ်မှာ... မမ အိပ်ချင်ရင် အိပ်နှင့်လေ... "

ကျွန်မ - " မပင်ပန်းဘူးလား... "

ကျွန်မ၏ စကားကြောင့် သန့်က ပြုံးလိုက်ကာ သူမအား သိုင်းဖက်ထားသော ကျွန်မ၏ လက်အား ဖြည်လိုက်၍ ထိုလက်အား ဆုပ်ကိုင်ကာ  ကျွန်မအား လှည့်ကြည့်လာလေသည်။

သန့် - " ကိုယ်မြတ်နိုးတဲ့အရာကို လုပ်ရတာလေ... ဘယ်ပင်ပန်းပါ့မလဲ... "

ကျွန်မက ပြုံးလိုက်လေသည်။

ကျွန်မ - " အသန့်လေး အမြတ်နိုးဆုံးအရာက ဘာလဲ... "

သန့် - " ဖြေစရာ လိုလို့လား... ကျိန်းသေပေါက် အနုပညာပဲပေါ့... "

ကျွန်မ အောင့်သက်သက်ဖြင့် ခေါင်းညိတ်လိုက်မိလေသည်။

The Rope (Own Creation)Tahanan ng mga kuwento. Tumuklas ngayon