Part - 30 (Ending) Unicode

Start from the beginning
                                        

ထို့နောက် တံခါးကို ဖွင့်လိုက်လေလျှင် ရွှေရည်က Computer ရှေ့ ငုတ်တုတ်ထိုင်လျက်။

ကျွန်မ - " ရွှေရည် ... စကား ခဏပြောကြရအောင်... "

ရွှေရည်က ကျွန်မကို လှည့်ကြည့်ကာ ခေါင်းညိမ့်လိုက်လေသည်။

ကျွန်မက ရွှေရည့်နံဘေးရှိ ခုံကို ဆွဲယူ၍ ထိုင်လိုက်ကာ

ကျွန်မ - " တစ်ခါတုန်းက ရွှေရည်ပြောဖူးတယ်လေ... အသန့်လေးက တစ်နှစ်ပဲခံတော့မယ်ဆိုတဲ့ စကားက ဘာဓိပ္ပါယ်လဲ... ဟိုနေ့က ဒေါက်တာနဲ့ စကားစပ်မိတော့ ဒေါက်တာက သူမသိဘူးတဲ့။ ဟို... အဲ့ဒါ ငါနဲ့ အသန့်လေး ပြန်တွဲအောင် တမင် ပြောတာမလား..."

ရွှေရည်က ကျွန်မကို ကြည့်၍ တစ်ချက် ပြုံးလိုက်ကာ

ရွှေရည် - "ကျိန်းသေပေါက် သိမှ ဖြစ်မှာလား။ သမီး မပြောပြချင်ဘူး။"

ရွှေရည့်စကားကြောင့် ကျွန်မက မျက်မှောင်ကျုံ့လိုက်ကာ

ကျွန်မ - " ဟမ်... "

ရွှေရည်က ပြုံးလျက်ပင်

ရွှေရည် - "ဆရာမ ဗုဒ္ဓဘာသာ မဟုတ်လား။ ဗေဒင်တွေ၊ လက္ခဏာတွေ ယုံကြည်ပါ့မလား မပြောတတ်ပေမယ့် သမီးကတော့ ယုံတယ်။ မနှစ်က အလုပ်ကိစ္စနဲ့ ထိုင်းကို သွားဖြစ်တော့ နာမည်ကြီး တားရော့ဆရာမ တစ်ယောက်ဆီမှာ တားရော့ ဝင်မေးခဲ့ဖူးတယ်။ မသန့်ရဲ့ ရှေ့ရေးကို ကြည့်တာ တစ်နှစ်စာပဲ မြင်ရတယ်။ ဆက်မမြင်ရတော့ဘူး။ ဒါက ဘာအဓိပ္ပါယ် ဖြစ်မယ် ထင်လဲ။"

ကျွန်မက ဘာမှ မတုံ့ပြန်ဘဲ ရွှေရည့်ကိုသာ စိုက်ကြည့်မိနေလေသည်။

ရွှေရည် - "အဲ့လိုကြီး မကြည့်စမ်းပါနဲ့။ အဲ့ဒါတွေကြောင့် မပြောပြချင်တာ၊ သမီး ပြောလည်း ယုံကြမှာ မဟုတ်ဘူး။ မသန့်က အဲ့သည့်ကိစ္စ စိတ်ထဲ ထားမနေနဲ့ဆိုပေမယ့် သမီးကတော့ စိတ်ထဲ ထားမိနေတယ်။ တကယ် ဖြစ်လာသည် ဖြစ်စေ၊ ဖြစ်မလာသည် ဖြစ်စေ၊ "

ရွှေရည်က ကျွန်မကို ကြည့်နေရာမှ အပြင်ဘက်ကို လှမ်းငေးကြည့်လိုက်ကာ

ရွှေရည် - "ပွင့်ပွင့်လင်းလင်း ပြောရရင် ဆရာမကို သမီးသဘောမကျဘူး။ ဒါပေမယ့် မသန့်ဘဝအတွက် လိုအပ်တဲ့လူလို့ ယူဆမိလို့ ပြန်အဆင်ပြေအောင် လုပ်ပေးခဲ့တာ။ ဆရာမက မသန့် အမြတ်နိုးဆုံး သက်ရှိတစ်ယောက်မဟုတ်လား။

The Rope (Own Creation)Where stories live. Discover now