"Welcome Back"

138K 4.4K 392
                                    

UNOCODE

ရူးလောက်အောင် စာတွေ ပြန်ရေးချင်နေပေမဲ့ မအားလပ်တာကြောင့် ဇာတ်အကြီးတွေကို မရေးနိုင်၊ မတွေးနိုင်သေးချိန်မှာ စိတ်အယားပြေ ဝထ္ထုလေးတစ်ပုဒ်ကို အားချိန် ပိစိလေးမှာ ကြိုးစား အသက်သွင်းလိုက်ပါတယ်။

အသွဲ့ပုံစံအတိုင်း အပြောစကားပြေနဲ့ တင်ဆက်မှာမို့  အရေးစကားပြေဟန် ဖြစ်တဲ့ (လည်း၊ မယ့်၊ ဦး၊ ရော) တို့အစား တစ်ပုဒ်လုံးမှာ အပြောစကားပြေဟန် (လဲ၊ မဲ့၊ အုံး၊ ကော) လို့သာ ရေးသားသွားပါ့မယ်။ "ထို" တို့ "သို့ပေမဲ့" တို့ကတော့ အရေးစကားပြေဟန်တွေ ဖြစ်ကြပေမဲ့ သွဲ့ သိပ်သဘောကျတာမို့ ထည့်သွင်း အသုံးပြုသွားပါ့မယ်။

ဒီဝထ္ထုလေးဟာ ၂၀၁၇ လောက်မှာ သွဲ့ ရေးခဲ့ဖူးတဲ့ KPOP Fanfic Mini Story ကို OC အနေနဲ့ ပြန်လည် ဆန်းသစ်ထားခြင်းပဲ ဖြစ်ပြီး စာဖတ်သူလေးတို့အတွက် Healing ဖြစ်စေဖို့သာ ရည်ရွယ်ထားတာမို့ ရှုပ်ထွေးတဲ့ ပလော့လိုင်းတွေ မပါဝင်ဘဲ ပေါ့ပေါ့ပါးပါးလေးသာ ဖြစ်နေပါလိမ့်မယ်။

ကျောရိုး ရှိပြီးသားမို့ Modified ပြန်လုပ်ရခြင်းက မခက်ခဲပေမဲ့ အလုပ်များတာမို့ UPDATE ကြာမိတဲ့အခါ အပြစ်မမြင် ချစ်ခင်ပေးပါအုံးရှင်။ တကယ်တော့ စာပြန်ရေးတယ် ဆိုတာက စာဖတ်သူလေးတို့ရဲ့ ကွန်းမန့်လေးတွေကို လွမ်းခြင်းကြောင့်သာ ဖြစ်ပါတယ်။

အပိုင်းသစ်တင်တိုင်း ရောက်လာတတ်တဲ့ ကွန်းမန့်တွေဟာ သွဲ့အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ ပျော်စရာတွေပါ။ မဖတ်ရတဲ့ နှစ်လကျော်အတွင်း နေရတာ တစ်ခုခု လိုနေတဲ့အထိ တောင့်တခဲ့ရပါတယ်။ ဒီဝထ္ထုလေးက အပိုင်းအများကြီး မရှည်နိုင်သလို (ထင်တာပါပဲနော်) ၊ ဇာတ်လမ်းကလဲ သမားရိုးကျပဲ ဖြစ်ပါလိမ့်မယ်။

သို့ပေမဲ့ သွဲ့ ဘယ်တုန်းကမှ မရေးဖူးတဲ့ ပုံစံတစ်ခုကို ဇာတ်ဆောင်ကာရိုက်တာထဲမှာ  ထည့်သွင်းဖော်ပြမှာ ဖြစ်လို့ အပြင်လက်တွေနဲ့ မကိုက်ညီတဲ့ အမှားအယွင်း တစ်ခုခုများ ပါဝင်ခဲ့ရင် နားလည်ပေးကြဖို့ ကြိုတင် မေတ္တာရပ်ခံအပ်ပါတယ်။

ချစ်တဲ့ ...

လွမ်းနေတဲ့ အသွဲ့^^

၃၁.၈.၂၀၂၂

ဗုဒ္ဓဟူးနေ့

+++

ZAWGYI







ချစ်တဲ့ ...

လွမ်းနေတဲ့ အသွဲ့^^

၃၁.၈.၂၀၂၂

ဗုဒ္ဓဟူးနေ့

+++

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Where stories live. Discover now