သူမက ကျီဖန်ယင်းကို နောက်တစ်ခေါက် ထပ်ပွေ့ဖက်လိုက်ပြီး "နောက်ဆုံးတော့ မမပြောင်းလဲဖို့ ဆုံးဖြတ်လိုက်ပြီပေါ့။ ညီမလေး မမအတွက် တကယ်ကို ဝမ်းသာတယ်။"

"ရှင်းရှင်းပျော်နေရင် ကောင်းတာပါပဲ။" ကျီဖန်ယင်းက တစ်ဖက်လူရဲ့ခေါင်းဝိုင်းဝိုင်းလေးကို ကိုင်လိုက်ပြီး မျှော်လင့်နေသော အရိပ်အယောင်နဲ့ ပြောလိုက်သည် "ညီမ​လေးကတော့ လုံးဝမပြောင်းလဲလိုက်နဲ့နော်။ ညီမ​လေးရဲ့အခုလက်ရှိပုံစံက အရမ်းအံ့သြစရာကောင်းပြီးသား။"

နောက်ထပ် ငါးတွေကို ဆက်မွေးနေနော်၊ ဟုတ်ပြီလား။ ပိုကောင်းတဲ့မျိုးစိတ်တွေကို ရှာခဲ့၊ သိလား။ ဒါမှ နင့်ရဲ့ငါးဖမ်းလုပ်ငန်းကနေ ငါငွေရှာဖို့ ပိုလွယ်လိမ့်မယ်။

ကျီရှင်းရှင်းသည် ကျီဖန်ယင်းကို လေးလေးနက်နက်ကြည့်ပြီးနောက် အဖေကျီနှင့် အမေကျီတို့နှင့်အတူ ထွက်ခွာသွားခဲ့သည်။

ကျီဖန်ယင်းသည် ထွက်မသွားခင် သားအမိသားအဖသုံးယောင် ထွက်သွားပြီးတာကို စောင့်ခဲ့ပါတယ်။ သူမနဲ့အတူ ယူသွားရမယ့် ကားတစ်စီးရှိ​တယ်ဆိုတာ သတိရမိတာကြောင့် ကျီမိသားစုစံအိမ်သို့သွားကာ ခရီးဆောင်အိတ်များကို ထုပ်ပိုးပြီး အိမ်ကထွက်သွားဖို့ ဆုံးဖြတ်လိုက်ပါသည်။

သို့သော် ခန်းမထဲမှ ထွက်လာချိန်တွင် သူမ၏ ဖုန်းသည် ရုတ်တရက် တုန်ခါသွားသည်။  'မက်ဆေ့တစ်ခုဝင်လာသည်။'

သူမ မက်ဆေ့ကို နှိပ်ပြီး တစ်ချက်ကြည့်လိုက်သည်။  【ကားပါကင်ကိုလာ】 စုန့်ရှီးယွီဆီမှ စကားလုံးငါးလုံးသာပါသော မက်ဆေ့ချ်ရောက်လာခြင်းဖြစ်သည်။

ကျီဖန်ယင်း၏ မျက်ခုံးများ ပင့်တက်သွားသည်။  သူမသည် မက်ဆေ့ချ်ကို ဖျက်မည့်အစား ပြန်ပြောလိုက်သည်၊ [ငါတို့ကြားကဆက်ဆံရေးကပြီးသွားပြီမဟုတ်ဘူးလား။ ငါကဘာလို့နင်ခေါ်တာနဲ့ အမြန်ပြေးလာပေးရမှာလဲ။]

စုန့်ရှီးယွီဆီမှ စာပြန်ရောက်မလာပေ။

ကျီဖန်ယင်းသည် တက္ကစီကို လှမ်းခေါ်ပြီး ဟိုတယ်မှ ထွက်လာခဲ့သည်။

ကျီမိသားစုစံအိမ်သည် လေးထပ်မြင့်သော ဘန်ဂလို​ကြီးတစ်ခု ဖြစ်သည်။ လုံခြုံရေးစနစ်တွင် ကျီဖန်ယင်း၏လက်ဗွေနှင့်အသံသည် မှတ်တမ်းများထဲတွင် ရှိနေသေးသဖြင့် ခရီးဆောင်အိတ်များကို ထုပ်ပိုးရန် အထစ်အငေါ့မရှိ ဝင်ရောက်နိုင်ခဲ့သည်။ ပစ္စည်းတွေသိမ်းပြီး အိမ်ကထွက်လာဖို့ နာရီဝက်လောက်ကြာလိုက်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူМесто, где живут истории. Откройте их для себя