"ဟာ ဘယ်သူများလဲလို့ ငါ့တပည့်လှနေပါ့လား"

"အမလေး သွားမပြောနဲ့ ဆရာရေ သွားလည်းမကြည့်နဲ့ ချောင်းရိုက်ခံရလိမ့်မယ်"

"ဟေ ဟုတ်လား"

ဆိုပြီး ဖက်ထားတဲ့ မောင့်လက်ကိုကြည့်ကာ သဘောပေါက်သွားပုံဖြင့်

"ငါတော့ ခဏလေးဖြစ်ဖြစ်ကြည့်မယ်နော် လိုအပ်တာလုပ်ပေးလို့ရအောင်"

ကိုစိုင်းအပြောကြောင့် သူမက သူ့လက်ကိုဆွဲဖြုတ်တော့သည်..ကိုစိုင်းကိုတော့ မကြည့်ခိုင်းလို့မရ သူမရဲ့ trainer မဟုတ်ပါလား...
သူမကိုပုံစံပြောင်းပေးခဲ့တဲ့ ကိုစိုင်းကို သူမကလည်းတော်တော်လေးစားလွန်းတာမို့ သူလည်း ဘာမှမပြောတော့ပဲနေလိုက်ရတော့သည်...

ဒါမှန်းသိ ငါပဲ trainer လုပ်ပေးခဲ့ပါတယ်..
............

seated cable row မှာထိုင်ပြီး workoutလုပ်နေစဉ် နောက်ကနေ တစ်စုံတစ်ယောက်ဝင်ထိုင်လိုက်တာကို ခံစားလိုက်ရလို့
လှည့်ကြည့်လိုက်တော့ မောင်...

"မောင် ဘာလို့လဲ"

"ဘာမှမဖြစ်ပါဘူး မောင်ညောင်းလို့ ထိုင်ချင်လို့"

"လွတ်လွတ်လပ်လပ်သွားထိုင်လေ ဒီမှာ ခိုက်မိမှာပေါ့"

"ရတယ် ဘာမှမဖြစ်ဘူး မောင်ကြည့်ရှောင်မယ် ဆက်လုပ် ဆက်လုပ်"

နောက်ကနေ လာထိုင်နေတော့ သူ့ထိမိမှာစိုးလို့ ဒီဒီ့မှာ လုပ်ရတာတောင်မလွတ်မလပ်ဖြစ်နေတော့တယ်...အဲ့ဒီမောင်ဟာ ဘာဖြစ်နေမှန်းကိုမသိဘူး ဒီလိုဝတ်လာတာ နှစ်ပတ်တောင် ရှိပြီ ပထမတစ်ရက်နှစ်ရက်သာ မမြင်ဖူးလို့အထူးအဆန်းလုပ်ပြီး ကြည့်ကြတာ ခုဘယ်သူမှတောင် အာရုံမစိုက်ကြတော့ဘူး ဒီမှာလည်း ဒီဒီတစ်ယောက်တည်းဝတ်တာမဟုတ် မိန်းကလေးတိုင်းဝတ်နေတာ ဒီဒီ့ထက်လှတဲ့သူတွေတောင်ရှိသေးတာကို သူတစ်ယောက်တည်းဖြစ်ပျက်နေတာ

သူမလေး စူပုတ်ပုတ်နဲ့ မကျေနပ်နေတာသိသော်လည်း ဖယ်မပေးပဲ ထိုင်နေလိုက်သည် ဆံပင်လေးကို ponytail စည်းထားပြီး ပန်းရောင်ဝမ်းဆက်လေးဝတ်ထားတဲ့ သူမက အသားရောင်လေးကပါ ပန်းသွေးရောင်ထနေသည် နောက်ကျောက လွတ်နေတဲ့နေရာလေးတွေရော ပေါ်နေတဲ့ခါးလေးတွေရော မတ်မတ်လေးထိုင်နေလို့ ထင်းထွက်နေတဲ့ တင်ပါးလုံးလုံးလေးတွေရောက စွဲမက်ဖွယ်အတိဖြစ်နေတော့ သူဘယ်လိုစိတ်ချနိုင်မှာလဲ.. သူ့လိုစိတ်မျိုး အခြားသူတွေရောမဖြစ်ဘူးလို့ပြောနိုင်မှာလား...

မင်းတစ်ယောက်သာWhere stories live. Discover now