အခန်း- ၄

Start from the beginning
                                    

"သားကို မုန်းတယ်တဲ့၊ သားလေ... သား တမင်ယုတ်မာခဲ့တာ မဟုတ်ပါဘူး မေမေရယ်"

သား စကားကြောင့် ခင်နှောင်း တစ်ကိုယ်လုံး တောင့်တင်းအေးစက်သွားတယ်။ မဟုတ်မှ သားကြီးက သမီးလေး ယမင်းကို အတင်းကာရော အို... မဖြစ်နိုင်တာ။ ကိုယ့်ဇနီးလောင်းကို မုဒိမ်းကျင့်ရလောက်အောင် သားကြီးက အောက်တန်းမကျဘူးလေ။

"မေမေကလေ သားပြဿနာတွေကို အားလုံး ဖြေရှင်းပေးမှာမို့ စိတ်အေးအေးထားနော်၊ လာ... မေမေ့ဘေးမှာ ထိုင်၊ မေမေ့ပခုံးကို မှီထား၊ ပြီးရင် သား ဘာတွေ ခံစားနေရလဲ မေမေ့ကို တစ်ခုချင်း ရှင်းပြ၊ မေမေက အဖြေကို တွေ့အောင် ရှာပေးမယ် ဟုတ်ပြီလား"

လက်ဖမိုးကို ဖွဖွသပ်လျက် နှစ်သိမ့်စွာ ပြောလိုက်တော့ အသိစိတ်ကပ်လာတဲ့ သားက ခင်နှောင်းကို ကြည့်နေရင်း မျက်ရည်တွေ စီးကျလာတယ်။ ပြီးနောက် အက်ကွဲစွာ ထွက်လာတဲ့ အသံကြောင့် ခင်နှောင်းတစ်ကိုယ်လုံး ကမ္ဘာမြေကြီးဆီ လွင့်စင်သွားသလို ခံစားခဲ့ရပါတယ်။

"အမျိုးသမီးလေး နှစ်ယောက် သားကြောင့် ဘဝပျက်သွားပြီ မေမေ"

"ဟင်"

"မေမေ အထူးတလည် ရှောင်ရှားခိုင်းခဲ့တဲ့ အရက်ကြောင့်ပါပဲ"

"ဘယ်လိုဖြစ်ရတာလဲ သားရယ်"

"ကျော်စွာလေ..."

"အင်း... မောင်ကျော်စွာနဲ့ ပတ်သက်နေတာလား"

သားက ခေါင်းညိတ်တယ်။

"အဲ့ဒီညက ကျော်စွာရဲ့ Bachelor Night မှာ တိုက်သမျှ သောက်ခဲ့မိရုံမက သတို့သားကို စနောက်ဖို့ တမင် ဆေးခပ်ထားတဲ့ ခွက်က မေမေ့သားဆီ ဆိုက်မြိုက်စွာ ရောက်လာခဲ့တယ်"

ဘာပြောတော့မယ် သိလာတော့ ခင်နှောင်း နှလုံးသားတွေ နာကျင်လာသလိုပင်။ သားကြီးက အရက် မသောက်နိုင်သူပါ။ နည်းနည်းသောက်ရင် များများမူးတတ်ပြီး အမှားတွေ တန်းစီ လုပ်ပစ်တတ်တာ ခင်နှောင်း အသိ။

ဒါကို သိထားတဲ့ သားကြီးက မိမိကိုယ်ကိုယ် စောင့်ထိန်းခြင်း အနေနဲ့ အရက်သေစာ မမှီဝဲတတ်ပေမဲ့ အလုပ်ကိစ္စနဲ့ ငြင်းမရတဲ့ အခါမျိုး၊ ပွဲတက်ရတဲ့ အခါမျိုးတွေမှာ အာစွတ်ရုံတော့ သောက်ရလေ့ ရှိပါတယ်။

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Where stories live. Discover now