Part 1

60.1K 876 36
                                    

Unicode
"ကိုယ်တို့ လမ်းခွဲကြရအောင်"
"......"
"မင်းပုံစံက ကိုယ့်အသိုင်းအဝိုင်းကြားမှာ ဝင်ဖို့အဆင်မပြေဘူး မင်းနဲ့တွဲသွားတွဲလာလုပ်ရင် လူတွေကြည့်ခံရတာကိုလည်း အရမ်းစိတ်ကျဉ်းကျပ်လာပြီ"
"......."
"ကိုယ့်သူငယ်ချင်းတွေနဲ့တွေ့ရင် မင်းလည်း စိတ်ကျဉ်းကျပ်တယ် ဝမ်းနည်းရတယ်ဆိုတာ သိပါတယ် အဲ့အတွက်လည်း အားနာတယ် ဒါကြောင့် ကိုယ်တို့ ဒီလောက်နဲ့ပဲ လမ်းခွဲလိုက်ကြရအောင်"
"........."
"ပြောစရာမရှိရင် ကိုယ်သွားတော့မယ်"

ကော်ဖီဆိုင်မှာ ဟေမာန်နဲ့ လမ်းခွဲစကားပြောပြီး အေးရာအေးကြောင်း ထိုင်နေတုန်း အခြားဝိုင်းမှာ ထိုင်နေတဲ့ အတွဲရဲ့ လမ်းခွဲစကားတွေကြောင့် ဟိန်းထက်အောင် တစ်ယောက် အာရုံတွေနောက်လာရတယ်

တစ်ဖက်မိန်းကလေးဆီကနေ ဘာသံမှထွက်မလာပဲ ခဏကြာတော့ အရပ်ရှည်ရှည် ရုပ်ရည်ခပ်သန့်သန့် gentleman အထာနဲ့ ဘဲတစ်ယောက် သူ့ဘေးကနေဖြတ်ပြီး ဆိုင်အပြင်ကိုထွက်သွားတယ်

ဒီဘဲ ကတော့ ဆော်ကြည်ရုပ်နဲ့ ပေမယ့် manner တော့မကောင်းရှာဘူး ကိုယ်ကစ လမ်းခွဲရင်လည်း ဟိန်းထက်လိုမျိုး သူတို့ကိုယ်အရင် သွားခွင့်ပေးလိုက်တာမဟုတ်ဘူး မိန်းမဆိုတာမျိုးက သူတို့ကထားသွားတယ်ဆိုတာမျိုးကို လိုချင်တာ

ခုကြည့် ဟေမာန်ဆို ဟိန်းထက်ဘက်က အာရုံနောက်လို့ အရင်လမ်းခွဲစကားစပြောတာတောင် သူကပဲ ဖြတ်သွားရတဲ့ပုံနဲ့ ခပ်ချေချေပြောပြီး ထထွက်သွားတာ ကိုယ်တွေက ကျန်ခဲ့ရသူပါပေါ့ ဒါမှနောက်တွေ့ရင်လည်း အခင်အမင်မပြတ် နှုတ်ဆက်နိုင်တာ မဟုတ်ရင် မိန်းမတွေများ သူတို့က ကျန်ခဲ့ရရင် မပြီးမစီး သံသရာအဆက်ဆက် အငြိုးတွေနဲ့ ကြောက်လွန်းလို့

"အီး ဟီး ဟီး
ငါ MY Cafe မှာ ငါ့ကိုလာခေါ်ပေး"
"....."

တွေးချင်ရာတွေးနေတုန်း ထငိုလိုက်သံကြောင့် အလန့်တကြားဖြစ်သွားတယ်

"သူက မရှိတော့ဘူး ထွက်သွားပြီ ငါက သူခေါ်တယ်ဆိုပြီး အပြေးအလွှားနဲ့ ထွက်လာတာ ပိုက်ဆံအိတ်ကလည်း ပိုက်ဆံမပါတဲ့ အိတ်ကြီးယူလာမိတာ သူက ပိုက်ဆံလည်း မရှင်းပဲထွက်သွားတာ အင့် အင့်"
"......."
"မပါဘူး kpay ထဲလည်း မနေ့က online shopကိုလွှဲပေးလိုက်တာ ၅၀၀ ပဲကျန်တော့တယ် အင့် အင့်"
"........"
"သူကဆိုင်ကို ဝင်ခေါ်တာလေ ငါလည်း လမ်းခွဲစကားပြောမယ်မှန်း ဘယ်သိမလဲ သိရင် သူနဲ့လိုက်မလာဘူးပေါ့ ခုတော့ ပိုက်ဆံလည်းမရှင်းရသေးတော့ ပြန်လို့လည်းမရဘူး လူကို ပြန်မပို့ဘူးဆိုတောင် ပိုက်ဆံလေးတော့ရှင်းသွားပေါ့ ခုတော့ အင့် အင့် အင့်"

မင်းတစ်ယောက်သာWhere stories live. Discover now