ယခုလို ခံစားမနေသင့်သော်လည်း ခယ့်ယွီမင်မှာ
စိတ်အေးသွားမိ၏။

ခယ့်ယွီမင်က ထရပ်လိုက်ပြီး သူတို့
ထွက်သွားရာ ဘက်သို့ ခဏမျှ ကြည့်ပြီးနောက်
မှော်အိတ်ထဲမှ နေရာကူးပြောင်းအဆောင်တစ်ခု
ထုတ်လိုက်သည်။ အဆောင်အား မချေခင်
ထိုအရပ်ဘက် တစ်ချက်ထပ်ကြည့်ပြီး
တိုးတိုးရေရွတ်လိုက်၏၊

"နှုတ်ဆက်ပါတယ် ချန်ယိ"

ထို့နောက် အဆောင်ကို ချေလိုက်သည်။

နှစ်စက္ကန့်ကြာပြီးနောက်တွင် ရောက်လာသင့်သည့်
နေရာလပ်အက်ကြောင်းနှင့် သူ့အား လွှမ်းခြုံနေရမည့်
နေရာလပ်စွမ်းအင်တို့ ဖြစ်မလာချေ။
တစ္ဆေသင်္ချိုင်းတောင်တန်းက သူ့အရှေ့မှာပဲ
ရှိနေသေးပြီး ခြေထောက်အောက်ကလည်း
မီးတူးနေတဲ့ မြေပြင်ပဲ ဖြစ်နေသေးသည်။

ခယ့်ယွီမင်တစ်ယောက် ထိတ်လန့်မှုကြောင့်
သွေးဆုတ်သွားတော့သည်။ လက်ဖြန့်လိုက်
တဲ့အခါတွင် ကြေနေပြီဖြစ်သော နေရာကူးပြောင်း
အဆောင်က အမှုန်များအဖြစ် ဖြေးညင်းစွာ
ပြောင်းလဲကာ လေနှင့်ပါသွား၏။ အလုပ်မလုပ်တာ
များလား။

တစ်စုံတစ်ယောက်က တစ်ခုခု လုပ်လိုက်တာ
ဖြစ်လောက်မလားဟု မတွေးမိဘဲ ဤအတိုင်းသာ
သူ ကောက်ချက်ချလိုက်သည်။
မတော်တဆတစ်ခု ဖြစ်သွားပေမဲ့ သူ အရမ်းကြီး
မပျာသွားပေ။ အဆင့် ၁၂ သိုင်းပညာရှင်တစ်ဦး
အနေဖြင့် သူ့မှာ နေရာကူးပြောင်းအဆောင်
ပေါပေသည်၊ တစ်ခု အလုပ်မဖြစ်ပါက
နောက်တစ်ခု စမ်းကြည့်ရုံပင်။

သို့သော်လည်း အဆောင်ငါးခု ဆက်တိုက် ချေမွှပြီး
အကုန် အောင်မြင်မှုမရှိတဲ့အချိန်တွင်တော့
တစ်ခုခု မှားနေပြီဆိုတာ သဘောပေါက်လိုက်
တော့သည်။ သူ ဘယ်လောက်ပဲကံဆိုးတယ်
ဆိုထားဦးတော့ အကုန် ပျက်သွားတာမျိုးကတော့
မဖြစ်နိုင်ပေ၊ အထူးသဖြင့် ဒီအဆောင်တွေကို
သူကိုယ်တိုင် လုပ်ထားတာဖြစ်သည်။ ဒီဟာတွေက
အရည်အသွေးရှိတဲ့ အဆောင်များဖြစ်သည်။

"ဝေ့ ဘာကြောင့်လဲ မတွေးနိုင်ဘူးလား။
ပြောပြရမလား"

ထိုအချိန်မှာပဲ သူ့အနောက်မှ လှောင်ရယ်သံတစ်ခု
ကြားရလေသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now