Chapter-621-အဆုံးသတ်

5.9K 1.2K 91
                                    

//Unicode//
အပိုင်း ၆၂၁- အဆုံးသတ်

လင်းရှောင်က သူ့ကိုနယ်မြေထဲသို့ပို့ခြင်း
ခံလိုက်ရပြီးနောက် ယူရှောင်းမိုက အတွန့်မတက်ပေ။
ထိုနေရာမှာနေခြင်းက လင်းရှောင်ကို
အနှောင့်အယှက်ပဲဖြစ်စေမှာကိုတော့ အနည်းဆုံး
သိသေးသည်၊ သို့သော် ယူကျန်ထျန်း၏
စွမ်းအားကိုတွေးမိလိုက်ချိန်တွင် စိတ်မပူဘဲ
မနေနိုင်ချေ။

ယူရှောင်းမိုမှာ ခေါက်တုံ့ခေါက်ပြန်
လျှောက်နေလေသည်။ နေရာကူးပြောင်းအစီအရင်
အသက်ဝင်လာမည့်အချိန်အထိ လင်းရှောင်တောင့်ခံထားနိုင်ဖို့ပဲ
မျှော်လင့်ရတော့သည်။ သို့သော်ငြားလည်း
ဤနေရာမှာ ပူပန်နေခြင်းက ဘယ်သူ့အတွက်မှ
အကျိုးမရှိဘူးဆိုတာ အမှတ်ရလိုက်သည့်အခါ
ယူရှောင်းမိုလည်း သူ့ကိုယ်ပိုင်နယ်မြေထဲသို့သာ
ဝင်သွားလိုက်တော့သည်။

ဖူကျစ်လင်းမှာ သူပေါ်လာတာကို မြင်လိုက်ရချိန်တွင်
ထင်ယောင်ထင်မှားဖြစ်နေတာလားဟုထင်မိသွား၏။

"ရှောင်ရှစ်တိ မင်းအဆင်ပြေရဲ့လား"

ချန်းလဲ့ကိုဘယ်လိုရှင်းပြရမလဲ တွေးနေချိန်မှာပဲ
ယူရှောင်းမိုက ရုတ်တရက်ပြန်ပေါ်လာတာဖြစ်သည်။

ယူရှောင်းမိုက ရှက်ကိုးရှက်ကန်းနှင့်
ခေါင်းကုတ်လိုက်သည်။

"အမ် သူရောက်လာပြီ..."

'သူ'ဆိုတာမည်သူမှန်း ဖူကျစ်လင်းတန်းသိလိုက်၏။
လင်းရှောင်ကလွဲလို့ ဘယ်သူမှမဖြစ်နိုင်ပေ၊
မဟုတ်ရင် ရှစ်တိလေး အဆင်ပြေပြေနဲ့
ပြန်ရောက်လာမှာမဟုတ်ပေ။ တစ်ခုရှိတာက...
လင်းရှောင်ရဲ့ခွန်အားက ယူကျန်ထျန်းနဲ့
ယှဉ်နိုင်ခြေမရှိပုံပင်....

ယူရှောင်းမိုလည်း သိတာပေါ့၊ သို့ပေမဲ့ လင်းရှောင်က
အလွန်ဉာဏ်ကောင်းရာ ဒုက္ခရောက်မှာမဟုတ်ပေ။

သူမသိခဲ့သည်မှာ လင်းရှောင်က ကိုယ့်ကိုယ်ကိုယ်
အန္တရာယ်ထဲကျအောင်လုပ်မှာမဟုတ်ပေမဲ့လို့
သူက ရန်စသည့်အကြည့်တစ်ချက်ကြောင့်နဲ့တင်
လက်စားပြန်ချေမည့်လူမျိုးလည်း ဖြစ်သည့်
အချက်ပင်။ ပြီးခဲ့တဲ့တစ်ခေါက်က သူ
ဒဏ်ရာရခဲ့ရသဖြင့် ယခုတစ်ခေါက်မှာ
ယူကျန်ထျန်းဆီကနေ အတိုးရောအရင်းပါ
ပေါင်း၍ပြန်တောင်းမည်ဖြစ်သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now