Chapter-592

6.6K 1.3K 65
                                    

//Unicode//

အပိုင်း၅၉၂- သီးခြားနယ်မြေ

ယူရှောင်းမိုဘက်က ဘာမှထပ်မပြောနိုင်သေးခင်
လင်းရှောင်က ဆက်သွယ်မှုဖြတ်သွားသည်။

အရေးပေါ်အခြေအနေမှန်း သိသဖြင့်
လင်းရှောင်ကို ပြန်ပြီးဆက်သွယ်ခြင်းမပြုတော့ပေ။
အသံကူးပြောင်းကျောက်တုံးအား သိမ်းလိုက်ပြီး
လေပေါ် ဝဲနေသည့် ရေဒြပ်စင်အဆီအနှစ်ကို
အကြံသမားမျက်လုံးဖြင့် လှမ်းကြည့်လိုက်သည်။

ရေဒြပ်စင်အဆီအနှစ်ကား သူ့အကြည့်ကို
ခံစားမိပုံဖြင့် အနည်းငယ်လှုပ်ခါသွားလေသည်။

တစ်စက္ကန့်မျှကြာပြီးနောက် ရုတ်တရက်
လှုပ်ယမ်းသွားပြီး သတ္တုစားသားရဲလေး
စောင့်ကြပ်ကြည့်ရှုနေသော ဥမင်လမ်းဘက်သို့
တဟုန်ထိုးထွက်ပြေးသွား၏။ မူလက
သတ္တုစားသားရဲလေးမှာ ခုန်ပေါက်ဆော့နေခဲ့
သော်လည်း ရေဒြပ်စင်အဆီအနှစ်ကို
မြင်သည်နှင့်တစ်ပြိုင်နက် ဥမင်လမ်း၏
အလယ်ခေါင်တည့်တည့်မှာ ချက်ချင်းပိတ်ရပ်လိုက်
သည်။ 'လာစမ်းပါ' ဟူသောအဓိပ္ပါယ်ဖြင့်
ပါးလေးများဖောင်းလျက် ရေဒြပ်စင်အဆီအနှစ်အား
ဂိုးဖမ်းသမားတစ်ယောက်လို စိုက်ကြည့်နေသည်။

အရေးကြီးနေသည့် အချိန်အခါဖြစ်နေ၍
မဟုတ်ပါက ယူရှောင်းမိုမှာ အော်ရယ်မိလိမ့်မည်။
၎င်း၏အားစိုက်ထုတ်မှုများ အလကား
ဖြစ်မသွားစေရန်အတွက် သူလည်း
အမြန်ပြေးသွားတော့၏။

တစ်ချိန်တည်းတွင် ရေဒြပ်စင်အဆီအနှစ်ဟာလည်း
မြန်သထက်မြန်လာခဲ့သည်။ ၎င်းက
သတ္တုစားသားရဲလေးထံသို့
ဘောလုံးပစ်သွင်းသည့်နှယ် တည့်တည့်ပြေးဝင်
သွားသည်။

သတ္တုစားသားရဲလေးက အရွယ်အစား သေးငယ်
သော်လည်း တော်တော်လေးတော့ အားကိုးရ
သည်။ ရေဒြပ်စင်အဆီအနှစ်က နှစ်မီတာလောက်ပဲ
ကွာတော့သည့်အချိန် သူက အသက်ပြင်းပြင်းရှူကာ
ခန္ဓာကိုယ်ကို ဖောင်းပြီး လေပြင်းတစ်ချက်
ပစ်ထုတ်လိုက်၏။

ရေဒြပ်စင်အဆီအနှစ်မှာ သူ့နားကပ်ပြီး
လှည့်စားရန် ကြံရွယ်ထားသော်လ​ည်း
သတ္တုစားသားရဲလေးက ဒီလိုလုပ်လိမ့်မည်ဟု
မထင်မှတ်ထားချေ။ မမျှော်လင့်ထားစွာဖြင့် ၎င်းမှာ
အနောက်ပြန်လွင့်ကာ ယူရှောင်းမိုရင်ခွင်ထဲ
တန်းပြီးလိမ့်ဝင်သွားခဲ့လေသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now