Chapter-629-လေးလံလှသောသတ္တုတုံး

5.7K 1K 21
                                    

//Unicode//
အပိုင်း ၆၂၇- လေးလံလှသောသတ္တုတုံး

ပြိုင်ပွဲအားကြီးမှူးကျင်းပသူမှာ ထုံထျန်းနန်းတော်မှ
အဖြူရောင်ဝတ်ရုံနှင့်နောက်တစ်ဦးဖြစ်သည်။
လှစ်ဟနေသော မေးရိုးမှ ထိုသူသည်လူအိုတစ်ဦး
ဖြစ်ပုံပေါ်သည်။ ပြိုင်ပွဲရှေ့ဆက်သည့်အခါ သူက
ခမောက်ချွတ်လိုက်၏။

လူအိုကြီး၏မျက်နှာသွင်ပြင်က သာမန်ပဲဖြစ်သည်။
သူ့မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီက
သူ့ဟာနဲ့သူဆိုရင် အတော်လေးကြည့်ကောင်းပုံ
ပေါ်ပေမဲ့ အားလုံးအတူတကွပေါင်းစပ်လိုက်သည့်
အခါတွင်မူ သာမန်မျှသာရှိလေသည်။
သို့သော်ငြားလည်း မျက်လုံးများကမူ ဩဇာရှိ၍
လင်းလက်နေပြီး သူကြည့်လိုက်သောသူတိုင်း
ချွင်းချက်မရှိ အကြည့်လွှဲသွားကြ၏။

ပထမစမ်းသပ်ချက်မှာ မှော်ဆရာတစ်ယောက်၏
ဝိဉာဉ်စွမ်းအားကိုထိန်းချုပ်နိုင်စွမ်းဖြစ်သည်။
တကယ်တမ်း ထိုမျှမရိုးရှင်းပေ။ သူတို့ရဲ့
ထိန်းချုပ်နိုင်စွမ်းကို စမ်းသပ်ခံရရုံမက
သက်လုံကိုလည်း စမ်းသပ်ခံရမှာဖြစ်သည်။

"မင်းတို့ရှေ့ကကျောက်တုံးကို ကြည့်လိုက်ကြပါ။
ဒီကျောက်တုံးတွေက ရိုးရိုးကျောက်တုံးမဟုတ်ဘူး။
ဒီကျောက်တုံးတွေထဲမှာ 'သတ္တုအလေး'လို့
ခေါ်တဲ့အရာတစ်ခု ရောထည့်ထားတယ်။
ကျောက်တုံးပိုကြီးလေလေ သတ္တုအလေးပိုများများ
ပါလေလေပဲ။ မင်းတို့လုပ်ရမှာက
ဒီကျောက်တုံးတွေကို ဝိဉာဉ်စွမ်းအားနဲ့ကောက်ပြီး
တွင်းလေးဆယ်ခုထဲ ဝင်အောင်
ပစ်ထည့်ရမှာ"
လူအိုကြီးက တည်ငြိမ်စွာဖြင့်ရှင်းပြသည်။

နာမည်အတိုင်း သတ္တုအလေးဆိုသည်မှာ အင်မတန်
လေးလံသောသတ္တုတစ်မျိုးဖြစ်သည်။
ယူရှောင်းမို သောက်ရှင်းအကယ်ဒမီမှာတက်ခဲ့တုန်းက
မြေဆွဲအားအခန်းနှင့် အလားသဏ္ဍာန်တူသည်။
၎င်းကလည်း ဝိဉာဉ်စွမ်းအားကိုစမ်းသပ်တာဖြစ်ပြီး
ဤစမ်းသပ်ချက်က မှော်ဆရာရဲ့သက်လုံအားကို
စမ်းသပ်သည်။

တွင်းလေးဆယ်ခုထဲ ကျောက်တုံး
လှမ်းပစ်ထည့်ခြင်းက ထိန်းချုပ်နိုင်စွမ်းကို
စမ်းသပ်လိမ့်မည်။ တွင်းလေးများမှာ သေးသေး
ကြီးကြီးအရွယ်စုံရှိပြီး သက်ဆိုင်ရာ
ကျောက်တုံးများကလည်း အရွယ်အမျိုးမျိုး
ရှိကြသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now