//Unicode//
အပိုင်း ၆၁၀- ကတိ"အဲ့တုန်းကပေးခဲ့တဲ့ကတိကဘာလဲ။
သူကရောဘယ်သူလဲ"သွေးပုံရိပ်၏သခင် ပျောက်ကွယ်သွားသည့်နောက်
ယူရှောင်းမိုက စိတ်အားထက်သန်စွာမေးလိုက်သည်။
သူတို့စကားအသွားအလာအရ အကြောင်းအရာက
သူနှင့်ပတ်သက်မှုရှိကြောင်း ပြောလို့ရသည်။
ပါဝင်ပတ်သက်နေသည့်လူအနေဖြင့် သူ့မှာ
သိပိုင်ခွင့်ရှိသည်ဟုထင်သည်။လင်းရှောင်လည်း ဖုံးကွယ်ထားဖို့
စိတ်ကူးမရှိနေပေ။ အမတလိုဏ်ဂူမှထွက်ကာ
နောက်တစ်နေရာသို့သွားရင်းဖြင့် လင်းရှောင်က
ရှင်းပြလိုက်သည်။"နောင်မှာ ချီလင်မျိုးနွယ်ကိုဆက်ခံမယ့်သူ
လင်းရှောက်ယီ.."လင်းရှောင်၏ဖခင်က ချီလင်မျိုးနွယ်ထဲတွင်
မြင့်မားသောအဆင့်အတန်းရှိပြီး သူ့အပေါ်
မျှော်လင့်ချက်များစွာထားသည့် ချီလင်မျိုးနွယ်
တောင်ကြားသခင်၏မျက်နှာသာပေးမှုကိုခံရလေသည်။
သို့သော်ငြား ဤအကြောင်းအရင်းကြောင့်ပင်
သူအမှားလုပ်ခဲ့မိပြီးနောက်မှာ သူ့ကိုချီလင်မျိုးနွယ်တွင်
အကျဉ်းချထားရန် ချမှတ်ခဲ့ကြသည်။ချီလင်မျိုးနွယ်ကိုဆက်ခံပုံမှာ အခြားမျိုးနွယ်သုံးခုနှင့်
တစ်နည်းတစ်ဖုံကွဲပြားသည်။ ကိုယ့်နောက်မှာ
ထောက်ပံ့ပေးသူမရှိလည်း မျိုးနွယ်ကိုဆက်ခံလို့
ရနိုင်သည်။နတ်ဆိုးဖီးနစ်မျိုးနွယ်မှ ကျိယွင်လန်ဆိုလျှင်
ပါရမီရှိသော်ငြား မျိုးနွယ်စုတွင်ထိပ်ဆုံးမဟုတ်ပေ။
ဆက်ခံသူအဖြစ် လျာထားခြင်းခံရသည့်
အကြောင်းအရင်းမှာ သူ့ကိုနောက်ကွယ်မှ
ထောက်ပံ့ပေးနေသည့် အဘိုးဖြစ်သူကြောင့်ပင်
ဖြစ်သည်။ သို့သော်လည်း ချီလင်မျိုးနွယ်ကမူ
ကွဲပြားသည်။ အဆင့်အတန်းနှင့်
မည်သူမည်ဝါဆိုသည်က အရေးအပါဆုံးမဟုတ်ပေ။
ချီလင်မျိုးနွယ်တောင်ကြားသခင်၏မျက်လုံးထဲတွင်
ခွန်အားကသာ အရေးအပါဆုံးအချက်ဖြစ်သည်။ချီလင်မျိုးနွယ်၏တတိယမျိုးဆက်သစ်များထဲတွင်
လင်းရှောက်ယီက အသန်မာဆုံးဖြစ်သည်။
أنت تقرأ
The Legendary Master's Wife [မြန်မာဘာသာပြန်]
الخيال (فانتازيا)Original Author - Yin Ya English Translators - Exiled Rebels Scanlations [From Chapter(591)- (731)End] If you want to read from Chapter(1), please check my reading list, The Legendary Master's Wife. Cover Photo- Crd to Original Artist.