Chapter-647- မိခင်

5.5K 1.1K 70
                                    

Unicode
အပိုင်း ၆၄၇- မိခင်

မကြာမီမှာပဲ လင်းရှောင် ဒီသတင်းကိုရလေသည်။

ယခု ရှောင်ကျိမှာ ကျိဖုန်း၏အကူအညီရနေသဖြင့်
ကိစ္စအားလုံးကို ကိုယ်တိုင်လိုက်လုပ်နေစရာ
မလိုတော့သလို ပုန်းလျှိုးကွယ်လျှိုးလုပ်စရာလည်း
မလိုတော့ပေ။ ကျိဖုန်းက သူ့အတွက် အကြီးဆုံး
အကူအညီပေးသူဖြစ်နေသည်။ ကျိဖုန်းကို
အပြင်လွှတ်လိုက်ရင်တောင် မျိုးနွယ်စုဝင်များက
သင်္ကာမကင်းဖြစ်ကြမည်မဟုတ်ပေ။

လင်းရှောင်သည် သူဖတ်လို့ပြီးသောအခါ
ကျောက်စိမ်းစာလိပ်ကို ဆွဲလုတော့နီးနီး
နေမထိထိုင်မသာဖြစ်နေသော ယူရှောင်းမိုထံ
ကမ်းပေးလိုက်သည်။

ယူရှောင်းမိုသည် ကျောက်စိမ်းစာလိပ်ထဲရှိ
အကြောင်းအရာများကို ဖတ်ရှုပြီးသည့်နောက်
သူ့ဘေးရှိ တိတ်ဆိတ်နေသောလင်းရှောင်အား
တစ်ချက်ကြည့်လိုက်သည်။ ရှောင်ကျိ ပြောပုံအရ
လင်းရှောင်အမေရဲ့သဘောထားက
သူမျှော်လင့်ထားသည်နှင့်မတူစွာ အနည်းငယ်
ထူးဆန်းနေပုံပေါ်သည်။

သူတို့စကားပြောစဉ်အတွင်း ရှောင်ကျိက
လင်းရှောင်ကို ထည့်ပြောခဲ့ပေမဲ့ သူမမှာ တုံ့ပြန်မှု
မရှိဘဲ လင်းရှောင်အကြောင်းတောင် မမေးချေ။

သူမ ပျော်ရွှင်နေပေမဲ့ တည်ငြိမ်ချင်ယောင်ဆောင်
နေတာလား ဒါမှမဟုတ်...

ယူရှောင်းမိုမှာ နားမလည်ချေ။ ဟိုအရင်က
လင်းရှောင်ပြောခဲ့တာက သူ့အဖေနဲ့အမေတို့က
အချစ်အတွက် သူတို့မျိုးနွယ်စုတွေရဲ့ကန့်ကွက်မှုကို
ဆန့်ကျင်ပြီး တွဲခဲ့ကြသည်ဟူ၍။ အကယ်၍ ထိုသို့
လုပ်နိုင်ခဲ့ပါလျှင် တစ်ယောက်ကိုတစ်ယောက်
သိပ်ချစ်နေသင့်ပြီး သွေးရင်းသားရင်း
ကလေးဟာလည်း အချစ်မခံရဘဲမရှိသင့်ပေ။
သို့သော်ငြားလည်း ယခုက ထိုကဲ့သို့ဟုတ်ပုံမရပေ။

"ခင်ဗျားအကြောင်း တခြားတစ်ယောက်ယောက်က
သူ့ကိုပြောပြပြီးပြီမလို့နေမှာပါ"

ယူရှောင်းမိုမှာ လင်းရှောင် စိတ်တိုမှာစိုး၍
သေချာကြည့်နေသည်။ ဂရုမစိုက်တဲ့မိဘတွေ
ရထားရတဲ့ခံစားချက်ကို သူသိသည်။ ၎င်းက
နည်းနည်းမှ မကောင်းပေ။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now