Chapter-641- ပြန်လည်ကောင်းမွန်လာခြင်း

5.7K 1.1K 53
                                    

Unicode
အပိုင်း ၆၄၁- ပြန်လည်ကောင်းမွန်လာခြင်း

ထုံထျန်းနန်းတော်တိုက်ပွဲရလဒ်မှာ လွန်စွာ
ပျက်စီးဆုံးရှုံးမှုများလေသည်။ စောင့်ကြည့်
လေ့လာသူများ၏ပြောကြားချက်များအရ
မြေကြီးကိုတောင်တုန်ခါစေသည့် ပေါက်ကွဲမှုကြီးက
ထုံထျန်းနန်းတော်ကြီးကို ပြားပြားဝပ်သွားခဲ့စေ
လုနီးနီးပင်။ အဲ့လိုအချိန်မှာ လူအဲ့လောက်များများ
မထွက်ရသေးတာကြောင့် ဘယ်လောက်များများ
သေကြေဒဏ်ရာရသလဲ ဘယ်သူမှမသိပေ။

သို့သော် သူတို့ တစ်ခုသေချာတာတော့ရှိသည်-
ထုံထျန်းနန်းတော်ကား အမှန်တကယ်ပျက်စီးသွားခဲ့
လေပြီ။ ထို့အပြင် အဆောက်အဦများသာမက
လူအများစုလည်း ဖျက်ဆီးခံခဲ့ရပေသည်။

ဒါက ထုံထျန်းတိုက်မကြီး၏လူပြောအများဆုံး
ခေါင်းစဉ်တစ်ခုဖြစ်လာခဲ့သည်။

လင်းရှောင်တို့လူစုမှာလည်း တိုက်မကြီးတခွင်
စစ်မှန်စွာကျော်ကြားလာခဲ့သည်၊ အထူးသဖြင့်
လင်းရှောင်ကိုယ်တိုင်ပင်။ ဟိုအရင်က ယူကျန်ထျန်း
လက်တွင်းမှာ နှစ်ကြိမ်တိတိလွတ်မြောက်နိုင်ခဲ့ခြင်း
ကတင် အလွန်အမင်းကျွမ်းကျင်နေလေပြီ။
ယခုတွင် သူက ထုံထျန်းဧကရာဇ်၏မျက်စိအောက်
တည့်တည့်မှ လွတ်မြောက်နိုင်ခဲ့ရုံမက
ထုံထျန်းနန်းတော်ကိုတောင် ဖျက်စီးပစ်ခဲ့သည်။
ဤစွမ်းရည်အဆင့်က လူတိုင်းကို ဟိုးအဝေး
ဖုန်မှုန့်များကြား ချန်ထားရစ်ခဲ့၏။

ကိစ္စ၏အများစုမှာ အမှောင်ထဲမှ လျှို့ဝှက်စွာ
ကူညီပေးခဲ့ကြသော အခြားစွမ်းအားကြီး
ကျင့်ကြံသူများကြောင့်ဖြစ်သော်ငြား အဓိက
အကြောင်းရင်းခံက လင်းရှောင်ဖြစ်နေသေးတာကို
ငြင်းပယ်လို့မရပေ။ ယခုအကြိမ်၌ ထုံထျန်း
တိုက်မကြီး၏ကျင့်ကြံသူများသည် သူ့အား
နံပါတ်တစ်ကျင့်ကြံသူအဖြစ် အမှန်တကယ်
ယူဆလိုက်ကြ၏။

ဤကိစ္စကိုပြောရာတွင် ထိုအကြောင်းကို မနေနိုင်စွာ
ထည့်ပြောရပေလိမ့်ဦးမည်။ ပင့်ကူနက်ကဲ့သို့ပင်၊
လက်ခံယူဆဖို့လိုအပ်သော မြင်းနက်(ပါရမီရှင်)
တစ်ကောင်ဖြစ်သည့် လင်းရှောင်အား
ခေါင်းဆောင်အဖြစ်နှင့် သွေးစွေးနီမိသားစုနှင့်
အခြားစွမ်းအားကြီးကျင့်ကြံသူများနှင့်အဆင့်တူ
အင်အားစုကြီးတစ်ခု ထွက်ပေါ်လာလိမ့်မည်ဟု
အချို့လူများက ကြိုတင်မှန်းဆမှုများပင်
ပြုလုပ်လျက်ရှိကြသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now