Chapter-653

5.5K 827 29
                                    

Scroll down for Zawgyi.

အပိုင်း ၆၅၃- စုဝေးခြင်း

သူတို့အရှေ့ရှိ အဆောင်က ရွှေ့ရှီမျိုးနွယ်စု၏
ဘိုးဘေးခန်းမဆောင်ပင်။ ရွှေ့ရှီမျိုးနွယ်စု
တည်ထောင်ကတည်းက တည်ရှိလာခဲ့တာဖြစ်၍
၎င်းမှာ သက်တမ်းကြာလေပြီ။

ဘိုးဘေးခန်းမဆောင်သည် ခမ်းနားကြီးကျယ်သည်။
စတုရန်းမီတာငါးထောင်ကျော်မျှ နေရာယူထားပြီး
ရွှေ့ရှီမျိုးနွယ်စု၏ အမှတ်သင်္ကေတအဆောင်ဖြစ်
သည်။ ၎င်း၏ဖွဲ့စည်းပုံတစ်ခုလုံးက တည်ငြိမ်၍
ရိုးရှင်းသည့် အရှိန်အဝါတစ်မျိုးပေးစွမ်းပြီး
အရေးကြီးသော တားမြစ်နယ်မြေ
ဖြစ်တာကြောင့်လည်း အတွင်းအပြင်
အစောင့်အကြပ်ပေါင်း နှစ်ဆယ်မှ သုံးဆယ်အထိ
ရှိသည်။

ပုံမှန်အားဖြင့် အရိုအသေပေးရသည့်အချိန်မှ
မဟုတ်လျှင် ဘိုးဘေးခန်းမဆောင်ကို အများအတွက်
ဖွင့်ပေးထားခြင်းမရှိပေ။ ထို့အပြင် မော့ချီရှစ်ယွမ်နှင့်
အဆင့်မြင့်အကြီးအကဲအနည်းငယ်မျှသာ
ဝင်ရောက်နိုင်သည်၊ မော့ချီရုန်ပင် ထိုသို့ဝင်ခွင့်
မရှိပေ။

လင်းရှောင်၏တွက်ချက်ခြင်းအဖြေက ရာနှုန်းပြည့်
မသေချာလျှင်တောင် အနည်းဆုံး ကိုးဆယ်
ရာခိုင်နှုန်းတော့ သေချာသည်။ သူ့တွက်ချက်မှုမှာ
အမှားမပါသလောက်ဖြစ်ဖို့များရာ အဆင့်လွန်
စိတ်မျက်လုံးက ဤဘိုးဘေးခန်းမအောက်မှာရှိဖို့
လွန်စွာမှဖြစ်နိုင်ခြေရှိသည်။

၎င်းကို မြင်ရချိန်တွင် ယူရှောင်းမိုမှာ
မျက်တောင်တောင်မခတ်မိပေ။

ပင့်ကူနက်ကသာ ဘိုးဘေးခန်းမဆောင်အောက်၌
ရုတ်ရုတ်ရုတ်ရုတ်လုပ်ခဲ့မည်ဆိုပါက
ခန်းမဆောင်ကြီး လှုပ်ခါလာတာတို့၊ ပြိုကျတာတို့
ဖြစ်ဖို့ ဖြစ်နိုင်ခြေများသည်။ ဤနေရာကို
စောင့်ကြပ်နေသည့် ကျင့်ကြံသူများစွာရှိနေရာ
လှုပ်ရှားမှုလေးအနည်းငယ်က သူတို့အာရုံကို
ဆွဲဆောင်သွားနိုင်သည်။ မဆင်မခြင် ခိုးဝင်ဖို့
မဖြစ်နိုင်ပေ။

အဆင့်လွန်စိတ်မျက်လုံးရဲ့ထိပ်တည့်တည့်မှာ
ရှိနေပေမဲ့ ဒီနေရာမှာ ကမ္ဘာတုန်လောက်တဲ့
ရတနာမြေရှိတာကို ရွှေ့ရှီမျိုးနွယ်စု ဘယ်တုန်းကမှ
မသိရှိခဲ့သည့် အကြောင်းအရင်းအား ရုတ်တရက်
သူ သဘောပေါက်သွားသလိုပင်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now