//Unicode//
အပိုင်း ၆၁၄- သူကဘယ်သူလဲမြေပြင်အနှံ့ လတ်ဆတ်သောသွေးများ
စွန်းပေနေပြီး အသားအပိုင်းအစများက
မကြာသေးမီက ဤနေရာ၌ တစ်ဖက်သတ်
အနိုင်ကျင့်မှုကြီးတစ်ခုရှိခဲ့သည်ကို ပြသနေသည်။
ဤနေရာရှိအလောင်းနှစ်ခုတွင် တစ်ခုမှ
အကောင်းအတိုင်းမကျန်ပေ။ဤအရာအားလုံးမှာ လူတစ်ယောက်တည်း၏
လက်ရာဖြစ်သည်။ သူ့လက်ထဲတွင်ကိုင်ထားသော
သွေးစွန်းနေသည့် ဓားသွားကြောင့်သာမဟုတ်လျှင်
ဖုန်မှုန့်အညစ်အကြေးတစ်စက်မှ စွန်းထင်းမနေသည့်
သန့်ရှင်းသောအဖြူရောင်ဝတ်ရုံဖြင့်
လူနှစ်ယောက်ကို သေသည်အထိနှိပ်စက်ခဲ့မှန်း
ပုံဖော်ကြည့်ဖို့ခက်သည်။အမျိုးသားက ဓားသွားပေါ်မှသွေးကိုခါထုတ်လိုက်၏။
ဒါက သူ ဓားဖြင့်လူသတ်တာ ပထမဆုံးအကြိမ်
ဖြစ်သည်။ အရင်က လူသတ်သည့်နည်းလမ်းများနှင့်
လွန်စွာကွဲပြားသည်ဟုခံစားရလေသည်။ အရင်က
သူ၏တည့်တိုးဆန်ပြီး အချိန်ကုန်သက်သာသည့်
နည်းလမ်းနှင့်ယှဉ်လျှင် အဆင့်နိမ့်သော်လည်း
တစ်ခါတစ်လေအသုံးပြုတာလောက်တော့
ကိစ္စမရှိပေ။ဒါပေါ့လေ သူ့ဇနီးလေးကိုကျောပိုးထားရင်း
ဓားနဲ့လိုက်ခုတ်ရရင် ပိုကောင်းမည်ပင်။"မဆိုးဘူး"
စိတ်ဝင်စားဟန်ရှိသည့် ရွှတ်နောက်နောက်
လေသံတစ်ခု အမျိုးသားအနောက်မှ
ထွက်လာလေသည်။အဖြူရောင်ဝတ်ရုံနှင့်အမျိုးသားက ခေါင်းစောင်း၍
စကားပြောလိုက်သူကို ငဲ့ကြည့်လိုက်သည်၊
သို့ပေမဲ့ သူ့မျက်နှာတွင် အံ့ဩဟန်စိုးစဉ်းမျှမရှိပေ။
ဤတစ်ယောက်က ပင့်ကူနက်၏အခြားအဖွဲ့ဝင်
နှစ်ယောက်နောက်လိုက်သွားသည့် လူမှလွဲ၍
အခြားမဟုတ်ပေ။သူ ဤနေရာသို့ရောက်နေခြင်းက ထိုနှစ်ဦးမှာ
မြေအောက်ကမ္ဘာတွင် သူတို့ရောင်းရင်းများနှင့်အတူ
ပြန်စုံစည်းနေကြပြီဟုဆိုလိုသည်။ ဤအမြန်နှုန်းက
အမှန်ပင် အတော်လေးမြန်သည်။အနက်ရောင်ဝတ်ရုံနှင့်လူက မီးတုတ်ကိုင်ထားဆဲ
ဖြစ်သည်။ သူ့ဝတ်ရုံက သွေးစီးကြောင်းများ
ရှိလားဟုမြင်ရနိုင်ရန်အတွက် မည်းမှောင်လွန်းနေ၏။
သို့သော်လည်း သူ့ထံမှထွက်ပေါ်နေသည့်
သွေးနံ့က ယခင်ကထက် ပိုပြင်းပြီး ခရမ်းရောင်
မီးတုတ်ပေါ်မှာတောင် သွေးစီးကြောင်းတချို့
ရှိနေသည်။
YOU ARE READING
The Legendary Master's Wife [မြန်မာဘာသာပြန်]
FantasyOriginal Author - Yin Ya English Translators - Exiled Rebels Scanlations [From Chapter(591)- (731)End] If you want to read from Chapter(1), please check my reading list, The Legendary Master's Wife. Cover Photo- Crd to Original Artist.