Unicode
အပိုင်း ၆၄၅- တားမြစ်နယ်မြေလင်းရှောင်က 'ဖူးရန်'စကားလုံးကို လျင်မြန်စွာပင်
ပြန်ချေပသည်။အကြောင်းပြချက်ကတော့ ထင်ရှားစွာပင်၊
သူတစ်ယောက်ပဲ ခေါ်ခွင့်ရှိတာမို့ပင်။ သူ့ဇနီးလေးကို
ခေါ်တဲ့အချိန်ဆို ကလူကျီစယ်သည့်လေသံမျိုး
သုံးရတာကို သူအကြိုက်ဆုံးဖြစ်၏။ ဒါက
စုံတွဲကြားမှာပဲတည်ရှိသည့် ပျော်ရွှင်မှုဖြစ်၍
ဟွားကု၏ဖျက်ဆီးတာခံရလို့ လုံးဝမဖြစ်ပေ။ဟွားကု၌ တွေ့ရခဲသော ရှက်ကိုးရှက်ကန်း
အမူအရာမျိုးရှိနေသည်။ သူမသည် အစစအရာရာ
ဂရုစိုက်သောလူမျိုးဖြစ်လေရာ ယူရှောင်းမို၏
ဝမ်းချုပ်နေသောအမူအရာကို မြင်လိုက်ချိန်၌
သူမ စကားပြောမှားသွားကြောင်း သိလိုက်သည်။
အဆုံးမှာတော့ သူ့ကို သခင်လေးလို့ပဲခေါ်ဖို့
ယူရှောင်းမိုကပဲပြောလိုက်သည်၊ ဘာလို့ဆို
သူကိုယ်တိုင်လည်း ထိုအခေါ်အဝေါ်ကို
တော်တော်လေးနှစ်သက်မိတာကြောင့်ပင်။သခင်လေးက မငြင်းတာကိုတွေ့သည့်အခါ
ဟွားကုလည်း အခွင့်အရေးကိုအမိဖမ်း၍
ယူသခင်လေးဟုတစ်ခါခေါ်လိုက်သည်။အပြုံးစံအိမ်တွင် ထျန်းကုံ၏အဖွဲ့ဝင်လေးယောက်
အပြင် ယူရှောင်းမို၏ဆက်နွယ်သားရဲများဖြစ်သည့်
ရှဲ့ချုံးနှင့်ရှောင်ဟိန်တို့လည်း ရှိနေသည်။
သူတို့နှစ်ကောင်စလုံးမှာ မထုံတက်တေးနိုင်သော
ပုံစံမျိုးဟု ယူဆလို့ရကာ သူတို့လျှောက်လာသည်ကို
မြင်နေရချိန်မှာ သူတို့အမူအရာများက
တည်ငြိမ်လို့နေသည်။အစက ယူရှောင်းမိုမှာ သူတို့ဆီပြေးသွားပြီး
အတိတ်ကိုလွမ်းဆွတ်သတိရပြန်ပြောင်း
အောက်မေ့ချင်နေသော်လည်း လမ်းတစ်ဝက်မှာ
လင်းရှောင်၏ ဖမ်း၍ အကြီးအမှူးနေရာသို့
ဆွဲခေါ်သွားခြင်းကို ခံလိုက်ရသည်။ ထိုနေရာမှာ
လင်းရှောင်အတွက်တစ်ခုံ၊ တစ်ခြားတစ်ယောက်
အတွက် တစ်ခုံ၊ ခုံနှစ်လုံး ရှိနေသည်။ထိုင်ချပြီးသည်နှင့် လင်းရှောင်က ပြောစရာရှိတာ
တန်းပြောသည်။ဘယ်သူ့တွင်မှ မသေမချာမရေမရာအလုပ်လုပ်
တတ်တဲ့ အကျင့်မျိုးမရှိကြ၍ လုပ်ရည်ကိုင်ရည်
တော်တော်ကောင်းကြသည်။ နောက်တစ်နာရီ
မပြည့်သေးခင်မှာပင် ပြဿနာအနည်းငယ်မျှ
ဖြေရှင်းပြီးလေပြီ။
ŞİMDİ OKUDUĞUN
The Legendary Master's Wife [မြန်မာဘာသာပြန်]
FantastikOriginal Author - Yin Ya English Translators - Exiled Rebels Scanlations [From Chapter(591)- (731)End] If you want to read from Chapter(1), please check my reading list, The Legendary Master's Wife. Cover Photo- Crd to Original Artist.