Chapter-659

3.5K 662 3
                                    

Scroll down for Zawgyi.

Unicode.

အပိုင်း ၆၅၉- လျှို့ဝှက်ပူးပေါင်းကြံစည်ချက်

ရှီကျင်းသို့ ပြန်ခြင်းသည် အရိုးဖြူမြို့ကို
ဖြတ်ရမည်ဟု ဆိုလိုသည်။

ကနဦးက သူတို့ ရပ်ဖို့အစီအစဉ် မရှိသော်လည်း
မြို့က သိပ်မူမမှန်နေတာကို ယူရှောင်းမိုက
မျက်စိရှင်ရှင်နှင့် သတိထားမိလိုက်သည်။ ကြီးပွား
တိုးတက်လာနေသော မြို့ကလေးတွင် စိတ်ဓာတ်
ကျဖွယ် လေထုတစ်ခု ရှိနေပြီး လမ်းမထက်မှာ
လူသိပ်မရှိပေ။

ယူရှောင်းမိုမှာ အစကတော့ သူ့စိတ်အထင်ပဲလားဟု
တွေးမိသည်။

တုံကျိုးကို သွားတုန်းက လင်းရှောင်နဲ့ အရိုးဖြူမြို့
ဖြတ်ခဲ့တာကို သူ မှတ်မိသေးသည်။ ထိုအချိန်တုန်းက
လမ်းမတွေက လူတွေနဲ့ ပြည့်နှက်နေပြီး
မြို့ကလေးတစ်ခုလုံး အသက်ဝင်လျက်ရှိခဲ့သည်။
ယခုနှင့် လားလားမျှမဆိုင်။ လုပ်ငန်းက အားရဖွယ်
မရှိ၊ ဖောက်သည်က နည်းနှင့် သူတို့ ပထမဆုံး
အကြိမ် ရောက်တုန်းကအတိုင်းပင်။

သူတို့က သူဌေးဝမ်တည်းခိုခန်းသို့ သွားကာ
ရှီကျင်းမှာ မရှိချိန်အတွင်း ဖြစ်ပျက်ခဲ့သည်များကို
စုံးစမ်းလေ့လာကြည့်ခဲ့သည်။ ၎င်းကိုယ်၎င်း
ဤနေရာတွင် ကျောက်ချနေသော အဆင့်ဆယ့်နှစ်
နတ်ဆိုးသားရဲ၏ သက်သေအထောက်အထားကို
သိရှိရလေပြီ။

မြို့ကလေး လွန်စွာ ခြောက်ကပ်နေခြင်းမှာ
လူအများစုက ထိုကောင့်ကို ဖြေရှင်းရန်
ရောက်လာသော ထျန်းသောက်၏ပွဲကို ကြည့်ရှုဖို့
အပြေးအလွှားသွားနေကြခြင်းကြောင့် ဖြစ်လေသည်။

သူတို့အဖွဲ့ဝင်များကို ရွေးချယ်ရာတွင် ထျန်းကုံသည်
လွန်စွာမှ သတိထား၏။ အဖွဲ့ဝင်အရေအတွက်ကို
ကြည့်ခြင်းအားဖြင့် ဤအချက်က သိသာပေသည်။
သူတို့သာ အကယ်၍ တပ်မကြီးတစ်ခု ဖွဲ့စည်းဖို့
အစီအစဉ်ရှိခဲ့ပါလျှင် နှစ်တစ်သောင်းနီးပါး
ကြာပြီးနောက်မှာ အဖွဲ့ဝင်နှစ်ဆယ်တောင်
မပြည့်သေးဘဲနေဖို့ မဖြစ်နိုင်ပေ။

ယခုတွင် လင်းရှောင်က ထျန်းကုံကို ဆက်ခံထားပြီ
ဖြစ်၍ ထျန်းသောက်တို့လူစုက သူ့ကို ခေါင်းဆောင်
အနေဖြင့် မျှော်မှန်းထားကြသည်။ ဒီအချက်က
ပြောင်းလဲသွားမှာ မဟုတ်ပေ။ လင်းရှောင်ဟာလည်း
ထျန်းကုံကို အခြေကုပ်အဖြစ် ထားရှိရန် အစီအစဉ်
ရှိထားပေရာ လင်းရှောင်နောက်လိုက်ချင်သူ
မည်သူမဆို ထျန်းကုံ အဖွဲ့ဝင်တစ်ဦး သေချာပေါက်
ဖြစ်လာမှာပင်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now