Chapter-646- ကျိစုရှင်း

5.4K 1K 52
                                    

Unicode
အပိုင်း ၆၄၆- ကျိစုရှင်း

ဤအသံကိုကြားလိုက်ရသောအခါ မျိုးနွယ်ဝင်
နှစ်ယောက်မှာ စိတ်ထဲကနေပဲ တိုးတိုးကျိန်ဆဲနိုင်
တော့သည်။ သို့သော် သူတို့ပြန်မဖြေနိုင်ခင်
ထိုလူက တားမြစ်နယ်မြေမှ ထွက်လာနှင့်လေပြီ။

အရပ်ရှည်ရှည်ပုံရိပ်က တားမြစ်နယ်မြေတံခါး၏
တစ်ဝက်ကို ကွယ်ထားသည်။ သူ့တွင် လေးထောင့်
ကျသော မျက်နှာရှိသော်လည်း ခြုံငုံကြည့်ပါက
ရုပ်မဆိုးပေ။ မျက်နှာသွင်ပြင်များက အင်မတန်မှ
ကျက်သရေဆောင်ပြီး မျက်လုံးများဟာ
အနက်ရောင်သပ်သပ်မဟုတ်ပေ။ ထိုအစား
သေချာကြည့်မည်ဆိုပါက အညိုရောင်သမ်းလေ
သည်။ သူ့အကြည့်သည် နှစ်များစွာစုပုံလာသော
လောကဓံများ၏အရိပ်အယောင်တစ်စွန်းတစ်စ
သယ်ဆောင်ထား၏၊ သို့သော်လည်း အခြားသူများ
အပေါ် ကျဆင်းလာချိန်မှာ ထိုအကြည့်က
ဖိအားပါးပါးပါဝင်လို့နေသည်။

မျိုးနွယ်ဝင်နှစ်ယောက်သည် တစ်ယောက်ကို
တစ်ယောက် တုန်လှုပ်ချောက်ချားစွာ
ကြည့်လိုက်ကြကာ စကားမပြောကြပေ။

လူအိုကြီး၏အကြည့်က ငှက်ပေါက်ဆီသို့
လျင်မြန်စွာရောက်ရှိသွားသည်။ သူ့အကြည့်က
လွန်စွာမှ အေးစက်နေသည်။

" ဒါက အကြီးအကဲချုပ်ရဲ့မြေး ကျိနဉ်းယွီ
ဆိုတာလား "

မျိုးနွယ်ဝင်တစ်ယောက်က ပြန်ဖြေလိုက်သည်။

"ဟုတ်ပါတယ်"

တောင်ကြားသခင်လေးဟူသော ငှက်ပေါက်၏
အဆင့်အတန်းဟာ အတော်လေးသေချာနေပြီ
ဖြစ်သဖြင့် နတ်ဆိုးဖီးနစ်မျိုးနွယ်စုဝင်အားလုံး​က
ငှက်ပေါက်ကို သခင်လေးဟု သုံးနှုန်းကြပြီး
၎င်းနှင့်ပတ်သက်၍ဘာမှမှားသည်ဟု မထင်ကြပေ။

လူအိုကြီးက ကျိနဉ်းယွီအား တစ်ချက်မျှ
ပြန်ကြည့်ပြီးနောက် တည်ငြိမ်စွာပြောသည်။

"သခင်လေးဆိုလည်း တောင်ကြားသခင်နဲ့
အကြီးအကဲချုပ်တို့ ခွင့်ပြုချက်မပါဘဲ တားမြစ်
နယ်မြေထဲမဝင်ရဘူး.. သူ့ကိုခေါ်သွား"

ပြီးသည်နှင့် နောက်လှည့်ကာ တားမြစ်နယ်မြေထဲ
ဝင်ရောက်သွားလေသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now