Chapter-615

6K 1.2K 90
                                    

//Unicode//
အပိုင်း ၆၁၅- ပြဿနာဖြစ်စေခြင်း

အဆုံး၌ ယူရှောင်းမိုမှာ လင်းရှောင်ထံမှအဖြေတစ်ခု
မရခဲ့ချေ။ သူ့ဘာသူ အဖြေရှာရင်ရှာ၊ မဟုတ်လည်း
သူများပြောပြမှာကိုစောင့်ရုံသာ တတ်နိုင်တော့သည်။

သုံးရက်ကြာအောင် နားပူနားဆာလုပ်ပြီး
နောက်မှာတောင် သူပြောလာအောင်မလုပ်နိုင်၍
ယူရှောင်းမိုလည်း လက်လျှော့လိုက်ရပြီး
သိပ်မထက်သည့်သူ့ဉာဏ်လေးဖြင့် ကြိုးစား
တွေးရတော့သည်။ ပြန်လည်ဝင်စားခြင်းဆေးလုံး
အတွက်ကတော့၊ လင်းရှောင်ကိုပေးလိုက်ပြီ
ဖြစ်သည်။

ပြန်လည်ဝင်စားခြင်းဆေးလုံးကို အောင်မြင်စွာ
သန့်စင်ပြီးနောက်မှာ သူ့စိတ်ထဲပေါ့ပါးလန်းဆန်း
နေသည်။

ထို့​နောက်တွင် ပြန်လည်ဝင်စားခြင်းဆေးလုံး
နောက်တစ်လုံးထပ်သန့်စင်ခဲ့၏။ ဤသို့သော
အသက်ကယ်ဆေးလုံးများကို ကြိုတင်
ပြင်ဆင်ထားခြင်းက ပိုကောင်းပေသည်။
ဤနည်းဖြင့် သူတို့လိုအပ်လာချိန်တွင်
လောလောလောလောဖြင့်သန့်စင်ဖို့မလိုတော့ပေ။
လောလောလောလော လုပ်ခြင်းက ကျရှုံးနိုင်ခြေ
ပိုမြင့်သည်။

ယခုဆို သူတို့မက်မွန်ပွင့်အပျက်အစီးအရပ်မှာနေတာ
နှစ်လရှိပြီဖြစ်ပြီး နှစ်ဝက်အကန့်အသတ်မတိုင်ခင်
နောက်ထပ်နှစ်လသာ ကျန်တော့သည်။
သို့သော်လည်း သူတို့မှာ ဘယ်ကိုမှမသွားရသေးချေ။

အင်အားစုကြီးများ စိတ်ဝိဉာဉ်တောင်ထိပ်မှာ
ရှိနေချိန်အား အသုံးချ၍ သူ့အတွင်းဒဏ်ရာများကို
ကုသရန် ကျန်နှစ်လကို လင်းရှောင်က
သီးသန့်ကျင့်ကြံရန်ဆုံးဖြတ်ထားသည်။
ဤနည်းဖြင့် ကံမကောင်းစွာ ယူကျန်ထျန်းတို့အဖွဲ့နှင့်
ဆုံခဲ့ပါက သူတို့အသက်ရှင်တာသေချာစေမည့်
စွမ်းအားရှိမည်ဖြစ်သည်။

ယူရှောင်းမိုက သီးသန့်ကျင့်ကြံပြီးပြီဖြစ်သဖြင့်
ယခုက သူစောင့်ကြပ်ရမည့်အလှည့်ဖြစ်လေသည်။

သို့သော်ငြား သူက အတော်လေးကံကောင်း၏။
သူစောင့်ကြပ်နေသည့် တစ်လအတွင်း
ပြဿနာလာရှာသည့်အရူးများမရှိပေ။ သူ့မှာ
ပျင်းလွန်းလို့သေတော့မလိုဖြစ်နေသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now