//Unicode//
အပိုင်း ၆၀၃- မက်မွန်ပွင့်နွေဦးစမ်းချောင်း၏
အပျက်အစီးများမကြာမီ နှစ်ဘက်လုံးစတင်တိုက်ခိုက်ကြလေတော့
သည်။ယန်ဟွေ့၏သတ်ဖြတ်လိုစိတ်က သူ့အကြည့်ထဲတွင်
ထင်ရှားစွာရှိနေပြီး သူ့အဖြေအားချန််ရှန်းရုန်ကို
ပြောပြနေသည်။ သို့သော်ငြား သူ့ခွန်အားက
ချန်ရှန်းရုန်ထက် သိသိသာသာကိုသာသည်။
ရှောင်ယောင်တက္ကသိုလ်မှာရှိစဉ်က
ခွန်အားအမှန်ကိုဖုံးကွယ်ထားခဲ့တာပင်။ချန်ရှန်းရုန်က ပါရမီရှိကောင်းရှိနိုင်ပေမဲ့လည်း
ယခုလောလောဆယ်မှာ သူကအဆင့်တစ်သာ
ရှိသေးပြီး ယန်ဟွေ့ကအဆင့်နှစ်ဖြစ်သည်။
ကံကောင်းတာက ချန်ရှန်းရုန်က သာမာန်
မှော်ဆရာတစ်ယောက်မဟုတ်ချေ။ မော့ချီရှစ်ယွမ်၏
သားဖြစ်သည့်အလျောက် သူ့မှာဝှက်ဖဲများစွာ
ရှိသည်။ ဤသို့ဖြင့် ထိုနှစ်ဦးမှာ
ရှေ့မတိုးနောက်မဆုတ်သာဖြစ်နေကြ၏။သို့သော် ချန်ရှန်းရုန်၏ငယ်သားကမူ
အခြေအနေမကောင်းနေချေ။ နှစ်ယောက်
တစ်ယောက်တိုက်ရခြင်းက သူမတူအောင်
ပင်ပန်းလှချေသည်။သူ့ရန်သူ၏ဓားက သူ့ပေါ်ကျဆင်းလာတာကို
ငယ်သားက အငြှိုးအပြည့်ဖြင့်ကြည့်နေသည်။
သူ ဒီမှာသေသွားခဲ့ရင် သူ့သခင်ဘယ်လိုလုပ်မလဲ?ထိုအချိန်မှာပဲ မမျှော်လင့်ထားသောတစ်စုံတစ်ရာ
ဖြစ်ပွားသွားသည်။ မည်သည့်ဘက်မှမသိ
ကျောက်တုံးတစ်တုံးလွင့်ပျံလာပြီးနောက်
နောက်လူ၏နားထင်ကိုထိမှန်သွား၏။ ထိုသူမှာ
အော်ဟစ်ရင်း မီတာနှစ်ဆယ်နီးပါး
လွင့်ထွက်သွားသည်။ သူ့မျက်နှာမှာသွေးများဖြင့်
ရွှဲနေပြီး ပြန်ထမလာတော့ချေ။သူ့အော်ဟစ်သံကြောင့် လူတိုင်းထိတ်လန့်ကုန်သည်။
ယန်ဟွေ့သည် ချန်ရှန်းရုန်နှင့်ချက်ချင်း
လူချင်းခွာလိုက်ပြီး ဘေးပတ်ဝန်းကျင်ကိုသတိနှင့်
အကဲခတ်လိုက်၏။ သူ့စိတ်ထဲထင့်သွားသည်၊
သူတို့ ချုံခိုတိုက်ခံရပြီလား?သို့ပေမဲ့ ချန်ရှန်းရုန်၏ထပ်တူညီစွာနားမလည်
ဖြစ်နေသည့်အမူအရာကိုမြင်တော့ တိုက်ခိုက်သူက
ရွှေ့ရှီမျိုးနွယ်စုကမဟုတ်တာကို သိလိုက်သည်။
သူ့စိတ်ထဲ ထိုအတွေးဖြတ်ပြေးသွားချိန်မှာပဲ
သူနှင့်ပါလာသော နောက်လူတစ်ယောက်လည်း
အတိုက်ခိုက်ခံလိုက်ရလေသည်။
ŞİMDİ OKUDUĞUN
The Legendary Master's Wife [မြန်မာဘာသာပြန်]
FantastikOriginal Author - Yin Ya English Translators - Exiled Rebels Scanlations [From Chapter(591)- (731)End] If you want to read from Chapter(1), please check my reading list, The Legendary Master's Wife. Cover Photo- Crd to Original Artist.