Chapter-644- တာဝန်မဲ့သော

5.8K 1.1K 31
                                    

Unicode
အပိုင်း ၆၄၄- တာဝန်မဲ့သော

ရှေးမဟာစစ်ပွဲကြီးအကြောင်းကို
လူအနည်းအကျဉ်းသာ သိကြပြီး တိုက်ဆိုင်စွာဖြင့်
တစ္ဆေသင်္ချိုင်းတောင်တန်း၊
နတ်ဆိုးသားရဲသင်္ချိုင်းမြေ၌ သူတို့
ဆုံခဲ့သော ယူမိသားစုဘိုးဘေးမှာ ထိုလူများထဲက
တစ်ယောက်ဖြစ်နေခဲ့သည်။ လင်းရှောင်ကို
ထိုအကြောင်းပြောပြခဲ့သူမှာလည်း သူပဲဖြစ်သည်၊
မဟုတ်ရင် သူသိဖို့ မဖြစ်နိုင်ပါချေ။

ရှေးသားရဲလေးမျိုး၏သွေးများ ပေါင်းစပ်သည့်အခါ
၎င်းက အနန္တတန်ခိုးရှင်လောက် စွမ်းအားကြီးသည့်
အချက်ကိုလည်း သူကပြောပြခဲ့သည်။ ထိုအချိန်
တုန်းက ဝတ်ရုံအဖြူနှင့်အမျိုးသားသည်
လင်းရှောင်ကိုယ်ထဲရှိ သွေးလေးမျိုးကို ခဏအတွင်း
မှာပင် သိရှိခဲ့သည်၊ သို့သော် သူနှင့်ယူရှောင်းမိုတို့
ပတ်သက်မှုကြောင့်သာမဟုတ်လျှင် လင်းရှောင်ကို
ထိုအကြောင်း ပြောပြချင်မှပြောပြခဲ့ပေလိမ့်မည်။

ကိုယ်နဲ့ထိုက်သင့်သည့်ကံဟာ ကိုယ့်ထံလာလိမ့်မည်
ဆိုတာလိုတစ်ခုခုဖြစ်လောက်သည်။

ပထမထုံထျန်းဧကရာဇ်သေဆုံးရခြင်း
အကြောင်းအရင်းသည် ရှေးသားရဲမျိုးနွယ်လေးခု၏
ဒဏ္ဍာရီနှင့်ပတ်သက်နေ၏။

ပထမထုံထျန်းဧကရာဇ်သည် ရည်မှန်းချက်ကြီးခဲ့
သည်၊ ရှေးသားရဲမျိုးနွယ်လေးခုကို ဖျက်ဆီးချင်
ရုံမက ထိုအချိန်က အားကောင်းသောမိသားစု
အချို့ကိုလည်း ဖျက်ဆီးပစ်ချင်ခဲ့သည်။
ယူမိသားစုမှာ ထိုထဲတွင်ပါဝင်ခဲ့၏။ ထို့နောက်မှာ
သူဟာ ထုံထျန်းတိုက်မကြီးရှိအင်အားစုများကို
ပြန်လည်စုဖွဲ့၍ ပေါင်းစည်းချင်လေသည်။

သို့သော် သူ့အကြံအစည်ကို လူသိခံရသေးသည်ပင်။

ရှေးတုန်းက လင်းရှောင်ကဲ့သို့ပင် ရှေးသားရဲမျိုးနွယ်
လေးခုလုံး၏သွေးရှိပြီး နှစ်သက်ခြင်းမခံရသော
လူတစ်ဦးရှိခဲ့ဖူးသည်။ ရှေးသားရဲမျိုးနွယ်ကြီး
လေးခုသည် သူတို့သွေးကို ပြီးပြည့်စုံစွာ
ပေါင်းစပ်ထားသောပုံစံက အနန္တတန်ခိုးရှင်လောက်
သန်မာလိမ့်မည်ဟု ထိုအချိန်တုန်းကမသိခဲ့ကြပေ။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now