Chapter-607

5.3K 1.2K 79
                                    

//Unicode//
အပိုင်း ၆၀၇- သူ့ဆန္ဒကိုဖြည့်ဆည်းပေးလိုက်ပါမယ်

"မင်းပါလား?!"

အံ့ဩတကြီးအော်ဟစ်သံက လေးလံနေသော
လေထုကိုဖြိုခွင်းကာ လူတိုင်းအား မှင်တက်နေခြင်းမှ
လန့်နိုးသွားစေသည်။ ကြောက်မက်ဖွယ်ကောင်းသော
ရေမိစ္ဆာများကိုပြန်အမှတ်ရလိုက်သည့်အခါ ချွေးစေး
ပြန်သွားကြတော့သည်။ သေရေးရှင်ရေးအခြေအနေ၌
စိတ်ပျံ့လွင့်သွားခြင်းက အသက်ပေးလိုက်ရနိုင်သည်။

လူအုပ်စုကသူတို့ကိုလစ်လျူရှုလိုက်ပြီး
ရေမိစ္ဆာများကိုသာ ပြန်အာရုံစိုက်လိုက်ကြသည်။

ရုတ်တရက်ပေါ်လာပြီး နဂါးမျိုးနွယ်မှတပည့်လေးအား
ကယ်တင်လိုက်သည့်လူမှာ အခြားမဟုတ်၊
ယူရှောင်းမိုနှင့်လင်းရှောင်ပင်ဖြစ်သည်။ သူတို့က
အခုမှ အတွင်းထဲသို့ပို့ဆောင်ခံလိုက်ရတာဖြစ်သည်။
စိတ်ဝိဉာဉ်တောင်၏စံအိမ်ရှစ်ခုဆီသို့
တိုက်ရိုက်ပို့ဆောင်ခံလိုက်ရတာကတော့
သူတို့ကံကောင်းမှုပင်ဖြစ်၏။ ဤနေရာရှိလူများထဲ၌
သူတို့က 'ကံအကောင်းဆုံး'ဖြစ်လောက်သည်။

ယူရှောင်းမိုက လင်းရှောင်ကိုကျောပေးထားလျက်
နဂါးမျိုးနွယ်စုတပည့်လေးရှေ့တွင်
ဆောင့်ကြောင့်ထိုင်ကာ စပ်ဖြဲဖြဲနှင့်မေးလိုက်သည်။

"ငါ့ကိုမှတ်မိလား။ ကျုံထျန်းဈေးရောင်းပွဲတော်တုန်းက
အသက်သလင်းလဲဖူးတယ်လေ။ အဲ့ထဲမှာ
အဆင့်ဆယ့်တစ် တစ်ခုပါတယ်၊ မှတ်မိသေးလား"

လူငယ်၏ပါးစပ် တွန့်သွားသည်။ သူဘယ်လိုလုပ်
မေ့မှာလဲ?

သူ့မှာ လဲလှယ်ဖို့အသက်သလင်းထပ်ရှိခဲ့ပါက
ရှောင်ယောင်တက္ကသိုလ်ကို လာခဲ့ဖို့
ယူရှောင်းမိုက သူ့ကိုပြောခဲ့သည်။ ထို့နောက်မှာ
ယူရှောင်းမိုကို သူတစ်ခါသွားရှာခဲ့သေးသည်၊
သို့ပေမဲ့ ထိုသူကရှိမနေချေ။

သူများတကာကိုလျှောက်ပတ်မေးပြီးပါမှ
ယူရှောင်းမိုက ရှောင်ယောင်တက္ကသိုလ်မှာ
နေလေ့မရှိကြောင်းကို သူသိခဲ့ရသည်။ အဲ့ဒါကို
သူ့ကို ရှောင်ယောင်တက္ကသိုလ်မှာလာရှာဖို့
ပြောခဲ့သေးသည်။ ဘာလား?!

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now