Chapter-609

5.7K 1.2K 74
                                    

//Unicode//
အပိုင်း ၆၀၉- သွေးပုံရိပ်

စံအိမ်တံခါးဝ၌ အလင်းရောင်ကိုကျောပေးလျက်
အဖြူရောင်ပုံရိပ်တစ်ခုရပ်နေသည်။ ပင့်ကူနက်မှ
ကျင့်ကြံသူမှာ ထိုအသစ်ရောက်လာသူ၏
ပုံပန်းသဏ္ဍာန်အား ရှင်းရှင်းလင်းလင်းမမြင်ရ
သော်လည်း ရင်းနှီးသောအရှိန်အဝါကို
အာရုံခံမိကာ ထိုကျင့်ကြံသူမှာ မယုံနိုင်ဘဲ
မျက်လုံးပြူးသွားရ၏။

ဤလူမှာ ကျားဖြူနန်းတော်အတွက် တုံ့ယွီ
ပင်လယ်အောက်တွင် လင်းရှောင်နှင့်တိုက်ခိုက်ခဲ့သော
အနက်ဝတ်နှင့်လူမှတစ်ပါး အခြားမဟုတ်ပေ။
နောက်မှ လင်းရှောင်ကြောင့်ဒဏ်ရာရ၍
ထွက်ပြေးသွားခဲ့သောလူဖြစ်သည်။

သူသည်လည်း မှော်ဆရာအစည်းအရုံးမှ
ကျင့်ကြံသူများထက် ပိုမိုသန်မာသော
နတ်ဘုရားအဆင့်သိုင်းပညာရှင်ဖြစ်သော်ငြား
လင်းရှောင်ကြောင့်ဒဏ်ရာများရခဲ့သောကြောင့်
သူ့ခွန်အား ကျဆင်းသွားခဲ့ရ၍ ဤအင်အားစုများကို
သည်းခံနေရတာဖြစ်သည်။ မဟုတ်လျှင်
ပင့်ကူနက်တို့၏ဓားပြစိတ်ဓာတ်ဖြင့်ဆိုလျှင်
မှော်ဆရာအစည်းအရုံးနှင့်အခြားအင်အားစုများဖြင့်
မှော်ဆေးပင်များအား မျှမျှတတဝေခွဲယူရန်
သဘောတူခဲ့မည်မဟုတ်ပေ။

မက်မွန်ပွင့်အရပ်အပျက်အစီးအတွင်းသို့
သူဝင်လာစဉ်က လင်းရှောင်နှင့်ယူရှောင်းမိုတို့ကို
မမြင်ခဲ့ရတာတော့သေချာလေသည်။ သူတို့နှစ်ယောက်
ရှယင်ကြောင့် အခြားတစ်နေရာရာသို့
ထွက်ပြေးသွားတာဖြစ်လောက်သည်ဟု
ယူဆထားသော်လည်း ဤနေရာ၌တွေ့ရမည်ဟု
မမျှော်လင့်ထားပေ။ မှော်ဆရာအစည်းအရုံးကို
ကူညီဖို့ထွက်လာသူက သူဖြစ်နေမည်ဟု
ပိုလို့တောင်မမျှော်လင့်ထားမိချေ၊
မျက်စိလျှမ်းသွားမိသည့်တစ်ခဏ၌
သူအရူးလုပ်ခံလိုက်ရသည်။

ဒါက "ရေနစ်သူဝါးကူထိုး"ပင်ဖြစ်ချေသည်။

လင်းရှောင်ကမူ ရှေးဟောင်းနှောင်းဖြစ်များ
ပြန်လည်တွေးတောရန်ရောက်နေခြင်းမဟုတ်ပေ။
ကြားဖြတ်တိုက်လိုက်သည်နှင့် သူကချက်ချင်းပင်
လှုပ်ရှားတော့သည်၊ တိုက်ကွက်အနည်းငယ်အတွင်း
ထိုကျင့်ကြံသူမှာ ခုခံနိုင်စွမ်းပင်မရှိဘဲ
သွေးပွက်ပွက်အန်နေပြီဖြစ်သည်။ လွန်ခဲ့သော
နှစ်လ၊ သုံးလအတွင်း အရှင်းမပျောက်သေးသော
ဒဏ်ရာများက ပိုလို့တောင်ဆိုးဝါးသွားသည်။
နတ်ဘုရားအဆင့်ကျင့်ကြံသူဖြစ်လျှင်ပင်
သူ့ကို အနိုင်တိုက်နိုင်တော့မည်မဟုတ်ပေ။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now