Chapter - 36

2.3K 137 25
                                    

Unicode >>>

သြမံ ထိုလူကို တွန်းထုတ်ပြီး ထွက်သွားရန်အပြင် နေပိုင်က သူ့လက်ကိုဖမ်းဆွဲလာကာ နံရံထက်ဖိကပ်လိုက်တော့သည်။

" ခင်ဗျား ဘာလုပ်.. အု.. "

သြမံ မျက်လုံးအစုံ ပြူးကျယ်သွားရသည်။ သက်နေပိုင်က သူ့ကိုနမ်းနေသည်။ အတင်းဖိကပ်ကာ နမ်းရှိုက်နေပြီး သူလှုပ်လို့မရနိုင်အောင် ချုပ်ထားသည်။ အစောတလျင်နိုင်မှု၊ တောင့်တလွမ်းဆွေးမှုတို့နှင့် ပြည့်နှက်နေသည့်အနမ်းတစ်ခုဖြစ်ကာ ထိုအထဲတွင် မျှော်လင့်ချက်မဲ့မှုများလည်း ပါဝင်နေသည်ပင်။

အသိစိတ်ရှိနေသေးသည့် သူ့ဦးနှောက်ထဲ၌ မယုံကြည်နိုင်မှုတို့ ပြည့်နှက်လာရသည်။ ဤနမ်းရှိုက်မှုသည် သူ့ကိုလက်မခံနိုင်ဖြစ်စေပြီး ရှန်ဝိုင်းနေလနှင့် နမ်းတုန်းကနှင့် မတူညီစွာ ကွဲပြားသည့် ခံစားမျိုးပေးစွမ်း၏။ တဖက်လူ၏ ဘဝအား အထက်စီးဆန်စွာ ချုပ်ကိုင် ခြယ်လှယ်လိုသည့် ဦးဆောင်အနမ်းမျိုးပင်။

နေပိုင် နမ်းတာကို ရပ်လိုက်ပြီး နှာခေါင်းထိပ်ချင်းထိကပ်လိုက်သည်။

ယခုဖြစ်နေသည့် သြမံရဲ့ မျက်နှာ မျက်နှာအမူအယာကို နေပိုင် မခန့်မှန်းတတ်ချေ။ အကြည့်တို့က တစပြင်ကဲ့သို့ ဗလာကျင်းနေပြီး သူ့ကို တစ်ခါမှမသိခဲ့ဖူးသည့်လူအလား ခပ်တွေတွေကြီး စိုက်ကြည့်နေလေသည်။

နေပိုင် သြမံရဲ့လည်ပင်းထက် ခေါင်းအပ်လိုက်ကာ သူမြတ်နိုးရသူ၏ ကိုယ်သင်းနံ့ကို တပ်မက်စွာ ရှူရှိုက်နေမိသည်။ ဒီလူသည် သူတန်ဖိုးထားရသည့်လူဖြစ်ပြီး၊ သူ့ညီလေးလည်း ဖြစ်နေပြန်သည်။ သူ့ဘဝတစ်လျှောက်လုံး ကာကွယ်ပေးချင်သောသူ၊ မည်သည့်အရာနှင့်မျှ အစားထိုး၍မရနိုင်သည့်လူပင်။

" မင်း လိုချင်တာ ဒါမဟုတ်လား "

နေပိုင်ရဲ့ အသံသည် တိုးလျစွာ ထွက်ပေါ်လာသည်။ သြမံ မျက်မှောင်ကြုံ့လိုက်၏။ နေပိုင် သြမံ၏ လည်တိုင်ကို သူ့မျက်နှာဖြင့် ပွတ်သပ်နေကာ

" ကိုယ် ဒီလောက်ပဲ လိုက်လျောပေးနိုင်မယ်။ ခုချိန်က စပြီး ကိုယ့်ညီလေးပဲ ဖြစ်နေပေးပါ "

HELOT (ကျေးကျွန်)Where stories live. Discover now