Chapter - 21

3.2K 169 11
                                    

Unicode >>>

သြမံ တံခါးတွန်းဖွင့်ပြီး အခန်းထဲဝင်လိုက်သည်။ ထိုစဥ် အနောက်မှသိုင်းဖက်လာသော ရင်ခွင်တစ်ခုကြောင့် သြမံ လှုပ်ရှားမှုများ ရပ်တန့်သွား၏။ ရင်ခွင်ကျယ်တစ်ခုမဟုတ်သော်ငြား နွေးထွေးမှုပေးနိုင်စွမ်းသည်ကား မထင်မှတ်လောက်စရာ။

" ကိုကို ငိုချင်ငိုချလိုက်လို့ရတယ် "

ရှန်ဝိုင်း ရဲ့အသံက နွေးထွေးကြင်နာမှုတို့အပြည့်ဖြင့် နားအနီးမှ ထွက်ပေါ်လာသည်။ အရပ်မတိမ်းမယိမ်းဖြစ်သောကြောင့် ထိုလူရှုထုတ်သမျှ ဝင်လေထွက်လေတိုင်းက သြမံ နားရွက်နောက်နားဆီ တိုးဝှေ့နေ၏။

" ယောကျ်ားဆိုတာ မငိုရဘူး "

" ဟုတ်တယ်။ ယောကျ်ားဆိုတာ မငိုရဘူး။ ပျော့ညံ့လို့မရဘူး။ ဒါပေမယ့် ကိုကို ငိုလို့ရတယ်။ ပြီးတော့ .. ကျွန်တော့်ရှေ့မှာပဲ ငိုရမယ်။ ကျွန်တော် ဘယ်သူ့မှပြန်မပြောဘူး "

ယခုအသက်အရွယ်ထိ ကြုံလာသမျှကို ရင်ဖွင့်ဖော်မရှိ ကူဖော်လောင်ဖက်မရှိ တစ်ကိုယ်တည်း ခါးစည်းခံရင်း ကြိတ်မှတ်ဖြတ်သန်းခဲ့ရသည်မို့ လူတစ်ယောက်ကို ဘယ်လိုနှစ်သိမ့်ရမလဲ ရှန်ဝိုင်း မသိပေ။ သူ့ရဲ့လုံးလည်ချာပတ်ရိုက်နေသည့် စကားများက တဖက်သားအပေါ်ထိရောက်မှုရှိဖို့မသေချာသော်လည်း မိမိတတ်သမျှလေးဖြင့် ကြိုးစားပမ်းစားပြောနေမိသည်။

သြမံ သူ့ကိုသိုင်းဖက်ထားသော ရှန်ဝိုင်းလက်ကို ဖြုတ်ချပြီီး မျက်နှာချင်းဆိုင်ရပ်လိုက်သည်။ သူ ထိုစကားကို ယခုကဲ့သို့ထပ်တူညီစွာ သက်နေပိုင်ကိုပြောခဲ့ဖူးသည်။

*****

" ယောကျ်ားဆိုတာ မငိုရဘူး "

" ဘယ်သူပြောလဲ.. ယောကျ်ားဆိုတာလဲ အသွေးအသားနဲ့ တည်ဆောက်ထားတာပဲလေ.. အော်ဟစ်ငိုယိုပိုင်ခွင့်ရှိတယ်၊ စိတ်ဓာတ်ကျခွင့်ရှိတယ်၊ အရေးကြီးဆုံးက မပြိုလဲသွားဖို့ပဲ "

" ပျော့ညံ့တဲ့လူတွေပဲ မျက်ရည်ကျတာ "

" မျက်ရည်ကျတိုင်း ပျော့ညံ့တာ မဟုတ်ဘူး။ မျက်ရည်ကျပြီး ပြန်နလံမထူနိုင်တာကမှ ပျော့ညံ့တာ "

HELOT (ကျေးကျွန်)Where stories live. Discover now