Chapter - 13

5.3K 250 16
                                    

Unicode >>>

ယောကျ်ားတစ်ယောက်ရဲ့အသားအရည်က ဤမျှချောမွတ်၍နူးညံ့လွန်းသည်လား။ နဖူးရှေ့ လျော့တိလျော့ရဲကျနေသည့် ဆံံနွယ်ပျော့များနှင့် မျက်ခွံမို့မို့လေးများ။ သောက်ထားသည့် အရှိန်လက်ကျန်ကြောင့် နီစွေးစွေးဖြစ်နေသည့် ပါးပြင်နှစ်ဖက်နှင့်အတူ လှပစွာဖြောင့်တန်းနေသော နှာတံစင်းစင်း။ ထိုမှတစ်ဆင့် ရှန်ဝိုင်းရဲ့ လက်ချောင်းများမှာ သြမံ၏ သွေးရောင်လွှမ်းနေသော နီထွေးထွေးနှုတ်ခမ်းအစုံပေါ် ကျရောက်လာသည်။ထိုနှုတ်ခမ်းများကို ရှန်ဝိုင်း အထပ်ထပ်အခါခါပွတ်သပ် ထိတွေ့ကြည့်နေမိသည်မှာ ဘယ်နှကြိမ်ရှိနေပြီမှန်း မသိတော့ချေ။ မိမိကို အားနေကျိန်ဆဲပြီး ရင့်သီးသောစကားကြမ်းများသာ ပွင့်အံကျလာလေ့ရှိသည့် ထိုလူရဲ့နှုတ်ခမ်းများက ယခုအချိန်တွင်မူ အားပါးတရနမ်းရှုတ် ကိုက်ဆွဲချင်စရာကောင်းလောက်ကို လှပလွန်းနေသည်။

စားရတဲ့ကလေး ပိုငတ်တယ် ဆိုသည့် စကားအတိုင်းပင်။ ထိုနှုတ်ခမ်းများ၏ ချိုမြိန်နူးညံ့မှုကို လက်တွေ့ခံစားသိရှိဖူးသူ ရှန်ဝိုင်းအတွက် ယခုအခိုက်အတန့်သည်ကား မိမိကိုယ်မိမိထိန်းသိမ်းနိုင်စွမ်းကြိုးများ ပြတ်တောက်ရန် လက်တစ်ကမ်းအလိုတွင်သာ။ အကိုဖြစ်သူအပေါ် မဟုတ်မမှန်အတွေးများ မထားသင့်မှန်းသိသော်လည်း ခန္ဓာကိုယ်မှအလိုအလျောက်ဖြစ်ပေါ်သော သွေးသားဆန္ဒများကို ရှန်ဝိုင်းမလွန်ဆန်နိုင်ပေ။ မိမိအား လူမှန်းသိတတ်စအရွယ်ကတည်းက ယခုအချိန်ထိ သေမတတ်နှိပ်စက်အနိုင်ကျင့်ခဲ့သူအပေါ်ကိုမှ လိင်စိတ်တိမ်းညွှတ်နေခြင်းက ဘယ်လိုသောက်ကျိုးနည်းကြီးပါလိမ့်။

အဆုံး၌ စိတ်ထိန်းမရတော့ပဲ သြမံရဲ့နှုတ်ခမ်းများကို ဖိကပ်လိုက်မိသည်။ ထိရုံလေးပင်ဖြစ်သော်လည်း ရှန်ဝိုင်း၏ လိင်တံမှာ ရုတ်ချည်းမာလာ၏။ အားမလိုအားမရဖြစ်မှုများနှင့်အတူ သြမံ ပါးပြင်ကို ဖိကိုင်လိုက်ပြီး ထိုလူရဲ့ နှုတ်ခမ်းအစုံအား သဲကန္တာရတွင် ရေငတ်လွန်း၍ သေလုမျောပါးဝေဒနာခံစားနေရသူက အိုအေစစ်တွေ့ရှိသွားသည့်ပမာ အစောတလျင် စုပ်ယူနမ်းရှုပ်ကာ မိမိ၏ နှုတ်ခမ်းများနှင့်အတူ တံဆိပ်ခတ်နှိပ်၏။

HELOT (ကျေးကျွန်)Where stories live. Discover now