Chapter - 29

2.4K 132 17
                                    

Unicode >>>

" ဒီနေ့ ငါ့ဘော်ဒါတွေလာလိမ့်မယ်။ အပြင်ထွက်မလာနဲ့ "

သြမံ ကျောင်းက သူငယ်ချင်းတွေ အိမ်လာတိုင်း ရှန်ဝိုင်း အခန်းပြင်ထွက်ခွင့်မရသည်မှာ ပုံမှန်ပင်။ မိမိနှင့် ညီအကိုတော်ရတာကို ရှက်သည်ကြောင့်ထင့်။ သူ့အပေါင်းအပါတွေရှေ့ မျက်နှာမပြခိုင်းချေ။

" အား.. စာတစ်လုံးမှမရသေးဘူး သေပြီပဲ "

" မံမံတစ်ယောက်လုံးရှိနေတာပဲ။ သူ့ကိုအကူအညီတောင်း "

" လီး ငါ့ကို အဲ့လိုမခေါ်စမ်းနဲ့! ကြက်သီးထစရာကောင်းတယ် "

" အိုက်စ်... မံမံလေးက ရှက်နေပြီ ကြည့်စမ်း "

" မင်းတို့ကောင်တွေ ငြိမ်ငြိမ်နေကြ! လင်းသြမံရဲ့ နတ်သမီးလေး လာပြီ "

" ဟေး... ရွှေရည် အပေါ်မြန်မြန်တက်ခဲ့! စင်ဒရဲလားလေးကို မင်းသားလေးစောင့်နေတယ် "

ရှန်ဝိုင်း အခန်းတံခါးနား မတ်တပ်ရပ်လျက် အပြင်ဘက်ရှိ အသံများကို နားစွင့်နေမိသည်။ တစ်ယောက်တစ်ပေါက် အသံများနှင့် ခန့်မှန်းခြေအရ ၄ယောက်လောက် ရှိမည်ထင်။ စကားသံများက တဖြေးဖြေးဝေးကွာသွားကာ လုံးဝမကြားရတော့ပေ။ သြမံ အခန်းထဲ ဝင်သွားကြပြီဖြစ်မည်။ အဲ့ဒါထက် ရွှေရည်ဆိုတာ ဘယ်သူလဲ? လင်းသြမံရဲ့ နတ်သမီးလေး ဆိုတာကပါသေးသည်။ ရှန်ဝိုင်း အလိုမကျစွာ မျက်မှောင်ကြုံ့လိုက်မိ၏။

..........

" အိုး.. ဒါဘယ်သူလဲ? "

ရွှေရည့်အသံကြောင့် သြမံ Physics တွက်နေရာမှ မော့ကြည့်လိုက်သည်။ အခန်းဝ၌ စာအုပ်တစ်အုပ်ပိုက်ထားပြီး ခပ်ရို့ရို့လေးရပ်နေသည့် ရှန်ဝိုင်းကြောင့် မျက်ခုံးစွန်းတို့ တွန့်ကွေးသွား၏။

" ဘာလာလုပ်တာလဲ "

သြမံရဲ့လေသံက အေးစက်တင်းမာနေကာ ရှန်ဝိုင်း ရောက်ရှိလာခြင်းအား လုံးဝမကြိုဆိုသည့်နှယ်။

" ဟို.. သား ကိုကို့ကို စာလေးမေးချင်လို့ "

သြမံ စကားဟမည်အပြု ရွှေရည်က ကြားဖြတ်၍

" မောင်လေး ဘာမေးချင်လို့လဲ မမကိုပြောလေ.. မမရှင်းပြပေးမယ် ကိုကိုကြီးက စာလုပ်နေတော့ မအားဘူး ထင်တယ် "

HELOT (ကျေးကျွန်)Dove le storie prendono vita. Scoprilo ora