Chapter - 27

2.5K 135 18
                                    

Unicode >>>

" ကိုကိုရော? "

ရှန်ဝိုင်း သတိရရချင်း စမေးလာသည်က သူ့အစ်ကိုကိုပင်။

" ကိုကို ဘယ်မှာလဲ? သား ကိုကို့ကိုတွေ့ချင်တယ် "

ဦးလင်းတခေတ် သက်ပြင်းချလိုက်သည်။

" သားအကို အိမ်မှာရှိတယ် "

" ကိုကို့ကို ခေါ်ပေးလို့ရမလား.. ဖေဖေ "

ရှန်ဝိုင်း ခုချိန်အတွေ့ချင်ဆုံးလူမှာ လင်းသြမံသာဖြစ်သည်။ ရေချိုးခန်းအတွင်း သတိရတချက် မရတချက်ဖြစ်နေချိန်တွင် အကိုဖြစ်သူ၏ စိုးရိမ်ပူပန်နေသည့်အသံက နားထဲသို့တိုးဝင်လာခဲ့၏။ ၄င်းက သူ့ကိုစိတ်လှုပ်ရှားစေပြီး သူ့ဘဝတွင် တစ်ခါလေးတောင်မရခဲ့ဖူးသည့် နွေးထွေးမှုများဖြင့် ပြည့်နှက်နေသည့်အလား။ နောက်ပြီး ဤသည်က ပထမဆုံးအနေဖြင့် အဖေမရှိသည့်အချိန်တွင် လင်းသြမံက မိမိအပေါ် စိတ်ပူပန်မှုကိုအလိုလို ထုတ်ပြလာခဲ့ခြင်းဖြစ်သောကြောင့်ပင်။

" သားငယ် စင်္ကာပူသွားချင်လား? "

" ဟင် "

ဖခင်ဖြစ်သူ သတိပေးခါမှ သူ SG သွားလိုကြောင်း တောင်းဆိုခဲ့ဖူးမှန်း သတိရသွားသည်။

" ကိုကိုရော လိုက်မှာလား "

" သူမလိုက်ဘူး "

ဦးလင်းတခေတ်ရဲ့အသံက တင်းမာနေပြီး ဒေါသကိုမြိုသိပ်ထားရသည့်နှယ်။ ရှန်ဝိုင်း၏စူးစမ်းနေသည့် အကြည့်များကြောင့် ဦးလင်းတခေတ် လေသံကိုနှိမ့်လိုက်ကာ

" သားငယ် သက်သာလာတာနဲ့ သွားလို့ရအောင် ဖေဖေ အကုန်စီစဥ်ထားပေးမယ်။ မောင်ဘုန်းလဲ သားနဲ့လိုက်လိမ့်မယ်၊ သားငယ် အဖော်ရတာပေါ့ "

ရှန်ဝိုင်း မျက်မှောင်ကြုံ့လိုက်သည်။ ကိုကိုကျမလိုက်ဘဲ ဘုန်းရှိန်ခ ကဘာကိစ္စလိုက်မှာလဲ။

" ကိုကို မပါရင် သားလည်း မသွားတော့ဘူး "

ရှန်ဝိုင်း သူ့ကိုယ်သူ နားမလည်နိုင်တော့ချေ။ အရင်ကမူ သြမံ လက်ကလွတ်အောင် ထွက်ပြေးလိုခဲ့သော်လည်း ယခုအချိန်တွင် ထိုလူနဲ့သာရှိနေချင်သည်။ မိမိအကိုဖြစ်သူ၏ ကြင်နာယုယဟန် စကားတစ်ခွန်းလောက်နဲ့တင် သူ့အပေါ် အနိုင်ကျင့်ခဲ့သမျှ အခြင်းအရာတိုင်းကို ချေဖျက်ပစ်နိုင်လေသည်။

HELOT (ကျေးကျွန်)Waar verhalen tot leven komen. Ontdek het nu