Chapter - 7

6.8K 312 12
                                    

Unicode >>>

" အ! "

သြမံ အားကုန်သုံးကာ ရှန်ဝိုင်း၏ ပေါင်ကြားကို ဒူးဖြင့် ဆောင့်လိုက်သည်။

အထိမခံနိုင်သော နေရာအား ရုတ်တရက် အကန်ခံလိုက်ရခြင်းကြောင့် ရှန်ဝိုင်း မခံမရပ်နိုင်လောက်အောင် နာကျင်သွားရပြီး သြမံကို တင်းကျပ်စွာ ဖက်ထားသည့်လက်များ ပြေလျော့သွားသည်။ မိမိအောက်ပိုင်းကို လက်ဖြင့် ခပ်ဖွဖွအုပ်ကိုင်ရင်း ကိုယ်ကို ပုဇွန်ထုပ်ပမာ ခပ်ကျုံ့ကျုံ့ကွေးထား၏။

ရှန်ဝိုင်းလက်က လွတ်တာနဲ့ သြမံ အလျင်အမြန် ထရပ်ပြီး အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်လိုက်သည်။ ထို့နောက် ရှန်ဝိုင်းရဲ့ ဆံနွယ်များကို လက်ဖြင့် စုကိုင်ပြီး ကိုယ်လုံးတီးဖြစ်နေသူအား ရေချိုးခန်းအပြင်သို့ တရွတ်တိုက်ဆွဲခေါ်လာသည်။ နှစ်ယောက်လုံး ရေများစိုရွှဲလျက်ရှိကာ ရှန်ဝိုင်း၏ အောက်ပိုင်းက နာကျင်နေဆဲဖြစ်သောကြောင့် ​မတ်တပ်မရပ်နိုင်ချေ။
သြမံ ရှန်ဝိုင်းကို အားဖြင့်ဆွဲထူကာ ကုတင်ပေါ်ပစ်တင်လိုက်၏။ ပြီးနောက် ရှန်ဝိုင်းရဲ့ ခါးအပေါ်ခွထိုင်ပြီး ပါးနှစ်ဖက်ကို လက်ဖြင့်ကြမ်းတမ်းစွာ ဖျစ်ညှစ်ဖွင့်ဟပြီး ပါးစပ်အတွင်းသို့ တံတွေးထွေးချသည်။

" မင်းက တော်တော် လုပ်ရဲနေတယ်ပေါ့? "

ဖြန်း!!

ညတုန်းက အထိုးခံခဲ့ရသည့် ဒဏ်ရာများ အရှင်းမသက်သာသေးခင်မှာပင် ပါးပြင်အား ထပ်မံ၍ အရိုက်ခံလိုက်ရသည်ကြောင့် အနာပေါ် အနာဆင့်သည့်အလား ရှန်ဝိုင်း မျက်နှာမှာ ရုတ်ချည်းနီမြန်းပြီး ယောင်ကိုင်းလာသည်။

" မင်းကို မသတီလို့ မထိချင်တာကို စောက်ကောင်းမှတ်နေတာလား? "

ရှန်ဝိုင်း အသံမထွက်နိုင်သေးပေ။

" မင်းထက် ပိုလုပ်ရဲတယ်ဆိုတာ ပြမယ် "

ပြောရင်း သြမံ ကိုယ်ပေါ်မှ အဝတ်အစားများကို ဆွဲချွတ်ပြီး ကြမ်းပြင်ပေါ် လွှင့်ပစ်လိုက်သည်။ ရှန်ဝိုင်း သတိရတချက် မရတချက်ဖြစ်နေရင်းမှ သြမံ၏ အပြုအမူကြောင့် မျက်လုံးများပြူးကျယ်သွားရကာ သြမံကိုသာ မမှိတ်မသုန် စူးစိုက်ကြည့်နေမိ၏။

HELOT (ကျေးကျွန်)Where stories live. Discover now