Chapter - 28

2.5K 145 24
                                    

Unicode >>>

လင်းသြမံ ၁၀တန်းနှစ်တွင် ဖြစ်သည်။

" ကိုကို ဘာလုပ်နေတာလဲဟင် "

သြမံ ပြန်မဖြေချေ။

" ကိုကို ဘာလုပ်နေတာလဲလို့ "

" ကျစ်.. ငါ ဘာလုပ်နေလဲ မမြင်ရအောင် စောက်လုံးကန်းနေလား "

အကိုဖြစ်သူထံမှ အဟောက်ခံလိုက်ရသော်ငြား ရှန်ဝိုင်း နှုတ်ခမ်းထောင့်လေးများ အပေါ်သို့ကွေးတက်သွားပြီး ပျော်ရွှင်နေသည်။ အနည်းဆုံးတော့ သူ ကိုကို့ဆီက တုန့်ပြန်မှုရသည်လေ။

" ကိုကို.. သူက ကြောင်စာပဲစားတာလား? တခြားရော ဘာစားသေးလဲ "

ကြောင်ကို အစာကျွေးနေချိန် အနားလာပြီး တွတ်ထိုးနေသော ရှန်ဝိုင်းကြောင့် သြမံ အာရုံနောက်လာသည်။

" အကုန်စားတယ် "

ပြောပြီး အဖြူဆွတ်ဆွတ်ကြောင်လေးကို ပွေ့ချီကာ အပေါ်တက်သွားတော့၏။

..........

" Niki ရေ.. Niki ! "

မနက်ကတည်းက အရိပ်အယောင်ပင်မတွေ့သလို အစာစားချိန်ရောက်သည်အထိ ပေါ်မလာသော Niki ကြောင့် သြမံ စိတ်ပူလာရသည်။ ထိုကြောင်မလေးမှာ သြမံအဖော်ရရန် သက်နေပိုင်ပေးထားခြင်း ဖြစ်ပြီး ပေါက်စအရွယ်ကတည်းက သူ့လက်ပေါ်တွင် ကြီးလာသည်သာ။ သူတစ်ယောက်တည်းကိုသာ တွယ်ကပ်လေ့ရှိပြီး အိပ်ယာပေါ်တွင်လည်း အတူအိပ်နေကြပင်။

" ဒေါ်ထွေး.. Niki ကိုတွေ့မိသေးလား? "

သခင်လေးဖြစ်သူ၏ အမေးကြောင့် ဒေါ်ထွေး ခေတ္တမျှစဥ်းစားလိုက်ကာ

" ရှန်လေး ချီသွားတာ တွေ့လိုက်သလားလို့ "

" Shit "

သြမံ ဆဲရေးလိုက်ပြီး ရှန်ဝိုင်းအခန်းဆီသို့ ပြေးတက်သွားလေသည်။

ဒုန်း ဒုန်း ဒုန်း

" ရှန်ဝိုင်းနေလ! တံခါးဖွင့်စမ်း ဟေ့ကောင် ! "

ကလစ်အသံနှင့်အတူ တံခါးမှာပွင့်ဟသွားပြီး ရှန်ဝိုင်းရဲ့ အူကြောင်ကြောင်ဖြစ်နေသော မျက်နှာပေါ်ထွက်လာ၏။

" ကိုကို.. "

သြမံ ထိုလူ့ကိုအဖတ်လုပ်မအားပေ။ ရှန်ဝိုင်းကိုတွန်းဖယ်ကာ အခန်းတွင်း ကျီးကန်းတောင်မှောက် Niki ကိုလိုက်ရှာသည်။

HELOT (ကျေးကျွန်)Nơi câu chuyện tồn tại. Hãy khám phá bây giờ