Chapter - 31

2.5K 148 17
                                    

Unicode >>>

သြမံ၏ မကျေမချမ်းဖြစ်နေသည့် ပုံစံကြောင့် ရှန်ဝိုင်း နေရခက်လာကာ မျက်နှာလွှဲလိုက်သည်။ သူလုပ်ခဲ့သမျှထဲရှိ အဆိုးဝါးဆုံးကိစ္စက သြမံကို ပြင်းပြင်းထန်ထန် ရိုက်ခတ်စေခဲ့ပြီး သူကတော့ ထိုပြစ်မှုကနေ စင်းလုံးချော ကင်းလွတ်ခဲ့လေသည်။

" ကျုပ် သူနဲ့စကားပြောချင်တယ်။ ခင်ဗျားတို့ အပြင်ထွက်ပေးလို့ရမလား "

သြမံရဲ့အသံက အေးစက်တောင့်တင်းနေပြီး တဖက်သားမငြင်းဆန်နိုင်သည့် အရှိန်အဝါတို့ဖြင့် ပြည့်နှက်နေသည်။ ဦးလင်းတခေတ် စကားပြောမည်အပြု ဘုန်းရှိန်ခ က ဖြတ်၍

" ဦးလေး.. ကျွန်တော်တို့ အပြင်ခဏထွက်ပေးလိုက်ရအောင်ပါ "

ဦးလင်းတခေတ်သည် သြမံနဲ့ရှန်ဝိုင်းကို တလှည့်စီ ကြည့်ကာ အံကြိတ်လိုက်ပြီးနောက် မည်သည့်စကားမျှမဆိုတော့ဘဲ ဘုန်းရှိန်ခနှင့်အတူ အခန်းထဲက ထွက်သွားတော့သည်။

ရှန်ဝိုင်း မျက်နှာလွှဲလျက်သားဖြင့် သြမံနဲ့ မျက်လုံးချင်းမဆုံအောင် ရှောင်တိမ်းနေမိသည်။ အမုန်းတရားတို့ပြည့်နှက်နေသည့် အညိုရောင်မျက်ဆံများကို သူရင်ဆိုင်နိုင်စွမ်းမရှိချေ။ ထိုစဥ် သြမံက သူ့အနားချဥ်းကပ်လာသည်ကြောင့် သူ စိတ်လှုပ်ရှားလာသည်။ စောင်အနားစွန်းကိုသာ ခပ်တင်းတင်းဆုပ်ကိုင်ထားပြီး မျက်လုံးများက ဂနာမငြိမ်ဘဲရှိသည်။ သြမံ သူ့အနားရောက်လာသော်လည်း ဘာမှတော့မပြောလာခဲ့။ လှည့်မကြည့်ပေမယ့် သြမံနဲ့သူ့အကြား အကွာအဝေးက လွန်စွာနီးကပ်နေမှန်း သူခံစား၍ရသည်မှာ ထိုလူ၏ အသက်ရှူသံပြင်းပြင်းများကို ခံစား၍ရနိုင်နေသည့်အထိပင်။

အခန်းတွင်း တိတ်ဆိတ်လို့နေပြီး လေထုအခြေအနေက စိတ်ကျဥ်းကျပ်စဖွယ်။ အခိုက်အတန့်တစ်ခုကြာပြီးသည့်နောက်မှာတော့ ရှန်ဝိုင်း စိတ်လျှော့ချလိုက်ကာ သူ့ဘက်က စကားစရန်သာ ပြင်လိုက်တော့သည်။ ဦးခေါင်းကို သြမံ ဘက်ဖြေးညှင်းစွာ လှည့်လိုက်ပြီးနောက်

" ကိုကို.. ကျွန်တော်.... "

စကားမဆုံးသေးခင်မှာဘဲ ကိုယ်ကိုငုံ့ကိုင်းလာကာ သူ့ခေါင်းအနောက်ကို ထိန်းကိုင်ရင်း နမ်းရှိုက်လာသည့် လင်းသြမံကြောင့် ရှန်ဝိုင်း အံ့သြထိတ်လန့်စွာဖြင့် မျက်လုံးအစုံတို့ပြူးကျယ်သွားလေသည်။ အနမ်းသည်ကား နူးလဲမနူးညံ့သလို ကြမ်းတမ်းခြင်းလည်း မရှိပေ။ သူ့နှုတ်ခမ်းကို ဖိကပ်စုပ်ယူလာသည့် အကိုဖြစ်သူ၏ နှုတ်ခမ်းပါးတို့က အလွန်တရာ စွဲမက်ဖွယ်ကောင်းလှကာ သူ့ကိုရူးသွပ်သွားစေနိုင်သည်။ အနီးကပ်မြင်နေရသည့် လင်းသြမံရဲ့ မျက်နှာက ရှန်ဝိုင်းအဖို့ ဘယ်သောအခါမှ ရိုးအီသွားခြင်း အလျဥ်းမရှိပေ။ မျက်လုံးမှိတ်ထားသည်ကြောင့် ဝဲဖျာကျဆင်းလျက်ရှိသည့် ထိုလူ၏ မျက်တောင်ရှည်များက လှပလွန်းသည်။ ရှန်ဝိုင်း ကြည့်နေရင်းမှ ကိုယ်အတွင်းရှိ သွေးများဆူပွက်လာတာကို ခံစားမိသည်။ အဆုံး၌ မချုပ်တည်းနိုင်တော့စွာဖြင့် သြမံလည်ပင်းကို ပြန်လည်ဖက်တွယ်လိုက်ကာ အနမ်းတို့ကို တုန့်ပြန်လိုက်တော့သည်။

HELOT (ကျေးကျွန်)Where stories live. Discover now