Chapter - 2

10.4K 390 4
                                    

Unicode >>>

ဒုန်း ဒုန်း ဒုန်း

" ရှန်ဝိုင်း တံခါးဖွင့်စမ်း! "

မနက်စောစောစီးစီး သြမံ ရှန်ဝိုင်း၏ အခန်းတံခါးကို တဒုန်းဒုန်းထုရိုက်ပြီး အော်ဟစ်နေသည်။

ယနေ့ ကျောင်းစတက်ရမည့်နေ့ပင်။ အသက် ၇နှစ်ကွာသော်လည်း ၁၀တန်းအောင်ပြီးသည်နှင့် တမင်တက္ကသိုလ် ဆက်မတက်ဘဲ ရှန်ဝိုင်း ကျောင်းပြီးသည်ထိ စောင့်သည်။ အဖြေကတော့ ရှင်းသည်။ ရှန်ဝိုင်းတက်မည့် တက္ကသိုလ်အား အတူလိုက်တက်ကာ ထိုကောင်လေးအား ဒုက္ခပေးလိုခြင်းဖြစ်သည်။ ဦးလင်းတခေတ်မှာ ပြောမရသည့်အဆုံး၌ သြမံအား ထင်ရာစိုင်းခွင့် ပေးထားလ်ိုက်တော့၏။

ရှန်ဝိုင်းက နည်းပညာတက္ကသိုလ်ကို ရွေးချယ်သည်။ ထိုကောင်လေး ၁၆နှစ်အရွယ် ပထမနှစ်တက်မည့်အချိန် တွင် သြမံ ၂၃နှစ်ရှိနေလေပြီ။ မည်သို့ပင်ဆိုစေကာမူ သြမံလည်း ယခုမှ ပထမနှစ် အင်ဂျင်နီယာကျောင်းသားပင်ဖြစ်သည်။

အော်ခေါ်နေသော်ငြား အခန်းထဲမှ တုန့်ပြန်သံမကြားရသည်မို့ သြမံ စိတ်မရှည်တော့ချေ။

" ဖွင့်မပေးရင် ငါဝင်လာပြီ "

တံခါးကို အကြမ်းပတမ်းဆွဲဖွင့်ပြီး သြမံ မျက်နှာရှစ်ခေါက်ချိုးဖြင့် ရှန်ဝိုင်း အခန်းထဲ ဝင်လိုက်၏။

သကောင့်သားက အိပ်မောကျနေတုန်းဖြစ်သည်။ ပက်လက်အနေအထားဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခြင်းကြောင့် အနည်းငယ်ရှည်နေသယောင် ထင်ရသည့် ဆံနွယ်များက နဖူးပြင်ပေါ် ဝဲဖျာကျဆင်းလျက်ရှိသည်။ သဘာဝအတိုင်းနက်မှောင်ကာ ဖြောင့်တန်းနေသော မျက်ခုံးထူထူများနှင့်အတူ သွယ်လျဖြောင့်စင်းပြီး ထိပ်ဖျား၌ လုံးလုံးလေးဖြစ်သွားသည့် နှာတံက ငုံခဲချင်စရာ အတိပြီးသည့်နှယ်။ စိတ်လွတ်လက်လွတ် အိပ်မောကျနေခြင်းကြောင့် အနည်းငယ်ခပ်ဟဟဖြစ်နေသည့် ပါးလျလျနှုတ်ခမ်းတစ်စုံက ဆွဲဆောင်မှု တစ်မျိုးတစ်ဖုံရှိနေသလို။ ယောကျ်ားမဆန်စွာ ပန်းရောင်အသွေးကြွနေသည့် ရှန်ဝိုင်း၏ ထိုနှုတ်ခမ်းများက သြမံကို ပို၍ မျက်စိစပါးမွှေးစူးစေသည်။

HELOT (ကျေးကျွန်)Where stories live. Discover now