Chapter - 23

2.8K 158 19
                                    

Unicode >>>

ဒုန်း ဒုန်း ဒုန်း

" ကိုကို တံခါးဖွင့်ပေး ! "

ခေါင်းက ဒဏ်ရာအရှိန်ကြောင့် မူးနောက်နေသေးသည့်အပြင် ဆောင့်တွန်းခံလိုက်ရမှုကြောင့် ခြေကျင်းဝတ်နာသွားသည်။ ရှန်ဝိုင်း မတ်တပ်မရပ်နိုင်တာကြောင့် တံခါးဆီ တရွတ်တိုက်သွားကာ ထုရိုက်ရင်းအော်ဟစ်နေသည်။

" ကိုကို ! ကျွန်တော် တောင်းပန်ပါတယ်။ ဒီလိုမလုပ်ပါနဲ့ "

ရေပန်းမှစီးကျနေသော ရေအေးများက သူ့နဖူးမှတဆင့် ကြမ်းပြင်သို့ အနီရောင်အရည်များအဖြစ် ဖြတ်သန်းစီးဆင်းသွားသည်။ တစ်ကိုယ်လုံးစိုရွှဲနေပြီး အေးစက်မှုနှင့်နာကျင်မှုရောယှက်လျက် နှုတ်ခမ်းများကတုန်ယင်နေကာ လက်ဖဝါးတွင်သွေးရောင်ပင်မရှိတော့ဘဲ ဖြူဖျော့နေ၏။

ဒုန်း ဒုန်း ဒုန်း

" ကိုကို.. "

သြမံ တံခါးကိုတချက်လှမ်းကန်လိုက်ကာ

" တိတ်တိတ်နေစမ်း "

" ကိုကို.. ကျွန်တော် မှားမှန်းသိပါပြီ။ တံခါးဖွင့်ပေးပါ.. ကိုကို... ကျွန်တော်.. "

သြမံ ရှန်ဝိုင်းရဲ့အသံကို လုံးဝလျစ်လျူရှုထားလိုက်တော့၏။ ကုတင်ပေါ်လှဲချလိုက်ကာ နဖူးပေါ်လက်တင်ပြီး မျက်လုံးမှိတ်ထားလိုက်သည်။ တစ်စုံတစ်ခုကိုအလေးအနက်စဥ်းစားချင်သော်ငြား ခေါင်းထဲဗလာဖြစ်နေပြီး ဘာမှရေရေရာရာတွေးမရ။ ဒီနေ့ ကိစ္စတော်တော်များများဖြစ်သွားခဲ့ပုံပင်။ ရှန်ဝိုင်း လှေကားမှပြုတ်ကျပြီး သက်နေပိုင်ရောက်လာခဲ့သည်။ သူနဲ့သက်နေပိုင်ရဲ့ မရှင်းမလင်းဖြစ်နေသည့် အ​ခြေအနေက ဒီတိုင်းပဲဆက်ဖြစ်သွားတော့မည်လား။ သက်နေပိုင်က သူ့ကိုချစ်နိုင်အောင်ကြိုးစားမည်ဟုပြောခဲ့သည်။ ဆိုပေမယ့်.. ဘာကိုကြိုးစားမှာလဲ။ စိတ်ခံစားချက်ပိုင်းဆိုင်ရာတွင် လုပ်ယူရသည်မျိုး သြမံ သဘောမကျပေ။ တစ်စုံတစ်ယောက်ကို ချစ်ခင်နှစ်သက်ဖို့ ကြိုးစားမှုနဲ့အကြောင်းပြချက်တွေ လိုလို့လား? နောက်ပြီး.. သူ့ညီဖြစ်သူက သူ Gay မှန်း သိနေခဲ့သေးသည်။

" ကိုကို ! "

" ကျစ် "

ခလွမ်း

HELOT (ကျေးကျွန်)Where stories live. Discover now