Chapter - 18

4.4K 213 14
                                    

Unicode >>>

" မင်း သတိရပြီလား "

နေပိုင် သြမံနှင့် လူချင်းခပ်ခွာခွာရပ်လိုက်ကာ ရှန်ဝိုင်းကို လှမ်းမေးသည်။ ရှန်ဝိုင်း မည်သည့်အရာမှ ပြန်ဖြေကြားခြင်းမရှိပဲ သြမံကိုသာ မျက်မှောင်ကြုံ့၍ကြည့်နေသည်။ နေပိုင် နေရခက်စွာဖြင့် ချောင်းတစ်ချက်ဟန့်လိုက်ရင်း

" ခေါင်းက ဘယ်လိုနေလဲ။ နာနေသေးလား "

" နာ မနာသိချင်ရင် ကျွန်တော့်နေရာ ကိုသက် အစားဝင်ခံကြည့်ပါလား? "

ရှန်ဝိုင်း ၏ခနဲ့သယောင် အဖြေစကားကြောင့် သြမံပင် အံ့သြသွားရသည်။ ရှန်ဝိုင်းနေလမှာ သက်နေပိုင်ကို အမြဲလိုလို ယဥ်ကျေးပျူငှာစွာ ဆက်ဆံတတ်သူပင်။

" မင်း လေသံကိုပြင်လိုက်စမ်း ရှန်ဝိုင်းနေလ "

သြမံ ဆီက စကားသံထွက်လာမှ ရှန်ဝိုင်းရဲ့ တင်းမာနေသော မျက်နှာကြောပြေလျော့သွားသည်။

" ကိုကို.. ကျွန်တော် ရေဆာတယ် "

" မင်းမှာ လက်မပါဘူးလား? "

" ကျွန်တော် မထနိုင်ဘူးလေ "

" ကျစ်! "

သြမံ စုတ်သပ်ရင်း ရေသွားယူပေးရန်ပြင်သည်။ လူမမာနဲ့ ပြိုင်ငြင်းလိုစိတ်မရှိသလို ရှန်ဝိုင်း အခုလိုဖြစ်ရခြင်းမှာ မိမိအပြစ်မကင်းဟု ခံစားမိခြင်းကြောင့်လဲ ပါသည်။ သြမံ အခန်းထဲမှ ထွက်ရန်ပြင်ခိုက် နေပိုင် သြမံလက်မောင်းအား လှမ်းဆွဲပြီး

" နေ.. ကိုယ် သွားယူလိုက်မယ် "

သြမံ ထိုလူ့လက်ကို ဖြုတ်ချလိုက်၏။

" ဒီလောက်က ကျုပ်လုပ်ပေးနိုင်တယ် "

ပြောပြီးသည်နှင့် လှည့်ထွက်သွားကာ အခန်းတံခါးကို အသံမြည်အောင်ပင် ဆောင့်ပိတ်သွားသည်။ နေပိုင် သက်ပြင်းချမိသည်။ ဒီကောင်လေးက တကယ်ကိုခေါင်းမာလှသည်ပင်။ နေပိုင် နောက်ပြန်လှည့်ခိုက် မိမိနောက်တွင် ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသော ရှန်ဝိုင်းကြောင့် လန့်ဖြန့်သွားရသည်။ ခုနလေးတင် မထနိုင်ဟု ပြောခဲ့သူက မိမိရှေ့တွင် လူကောင်းပကတိအတိုင်းရပ်နေသည်ကြောင့် လေထုအနေအထားက သံသယဝင်စရာကောင်းသည့်နှယ်။

HELOT (ကျေးကျွန်)Where stories live. Discover now