Chapter - 33

3K 144 25
                                    

Unicode >>>

သြမံ ပြန်မဖြေချေ။ မျက်နှာက အတော်လေးကြည့်ရဆိုးနေကာ ရုတ်တရက် ဒူးတစ်ဖက်ကို မြှောက်တင်လိုက်ပြီးနောက် သူ့အားဖိထားသည့် ရှန်ဝိုင်း၏ ပေါင်ကြားနေရာကို ဆောင့်လိုက်တော့သည်။ ရှန်ဝိုင်း မျက်နှာက ရှုံ့မဲ့သွားရပြီး သြမံအပေါ်ဖိထားသည့် အားအင်တို့ယုတ်လျော့သွားရသည်။

သြမံ ခုန်ထလိုက်ကာ

" မင်းဖင်ကြီးကိုပဲ ဝင် ! သောက်ရေးမပါတာတွေ လာလုပ်နေတယ် "

သူ တော်တော်ဒေါသထွက်နေပြီဖြစ်သည်။ ဒီမလောက်လေး မလောက်စား အမွှေးတောင် မစုံသေးသည့်ကောင်က သူ့ကို Fuck ချင်သည်တဲ့။ အသက်အရွယ်အရရော၊ ကိုယ်လုံးကိုယ်ထည် နဲ့ အတွေ့အကြုံအရရော ဖြစ်စေ သူကသာ ထည့်ရမည့်လူဖြစ်သင့်သည်။ ဒါကို ဒီကောင်က ! မင်းမေလူးလိုက်တော့!

ရှန်ဝိုင်း မျက်နှာသည်လည်း ပုပ်သိုးနေကာ အဓိက အသက်သွေးကြောကို ဆိုးဆိုးရွားရွား ဆောင့်တိုက်ခံလိုက်ရသည်ကြောင့် နာကျင်မှုက အီစိမ့်နေပြီး မျက်နှာက ရှုံ့တွနေတော့သည်။

သြမံ သူ့တီရှပ်ကို ပြန်ဆွဲချလိုက်သည်။ ထို့နောက် ပြန့်ပြူးသွားအောင် ပြင်လိုက်ပြီး ရှန်ဝိုင်းကို ဝါးစားမတတ် စိုက်ကြည့်လာသည်။ ယခုချိန် ရှန်ဝိုင်း တွေးမိသည်မှာ သူ့အစ်ကိုလက်ချက်ဖြင့် သူသေတော့မည်ဖြစ်ကြောင်းပင်။

သြမံ သူ့ရှေ့ရှိလူကိုကြည့်နေရင်း ဖင်ကျိန်းလာတာကို ခံစားမိသည်။ မိမိညီဖြစ်သူက သူ့အပေါ်မဟုတ်မမှန်စိတ်တွေရှိနေမှန်း သိပေမယ့် ဒီလောက်ထိ ရဲတင်းနိုင်လိမ့်မည်ဟု မထင်ခဲ့ချေ။ တွေးလေ စိတ်တိုလေ ဖြစ်ပြီး ထိုလူကို ကုတင်ပေါ်က ကန်ချလိုက်တော့သည်။

ရှန်ဝိုင်း ကုတင်အောက်သို့ ကို့ရို့ကားရားကျသွားကာ

" ကိုကို.. "

အသံသည် တိုးလျနေပြီး ထိတ်လန့်ကြောက်ရွံ့နေဟန်အပြည့်။

သြမံ နှာခေါင်းရှုံ့လိုက်ကာ ကုတင်ပေါ်က ဆင်းလိုက်သည်။ ထို့နောက် ရှန်ဝိုင်းကို တစ်ချက်ကန်လိုက်ပြီး ကျော်ခွသွားကာ ခြေလှမ်းကျဲကြီးများဖြင့် အခန်းထဲက ထွက်သွားလေသည်။

HELOT (ကျေးကျွန်)Where stories live. Discover now