"အဲ့နေ့ကတော့ သိသွားပါတယ်...ဒါပေမယ့် ငါသေချာတော့မပြောပြရသေးဘူး"

"မပြောပြရသေးရင် မပြောပြနဲ့တော့"

"ဆရာလေးကိုသတိရတယ်"

"ဟိုကမင်းကိုသတိရမှာမဟုတ်ဘူး"

"တစ်ကယ်တော့...အဲ့နေ့ကငါမှားသွားတယ်ထင်တယ်...ငါနည်းနည်းလေးထိန်းလိုက်သင့်တာကို"

"မှားစရာလား...ကိုယ့်ကောင်လေးကိုတစ်ခြားတစ်ယောက်နဲ့မြင်လိုက်တာလေ...တစ်ကယ်ဆို မင်းဆရာလေးပြောပြသင့်တာ...ဆရာတိမ်ရောင်လင်းလုပ်ပုံကသိပ်တော့မဟုတ်သေးပါဘူးကွာ"

"မသိတော့ပါဘူးကွာ"

"မင်းဆရာလေးနဲ့ပြန်အဆင်ပြေချင်လား မြေ"

"ပြေချင်တာပေါ့"

ကိုထက်စကားအားနှစ်ခါပင်စဉ်းစားစရာမလို။

"အေးပါ...ငါကူညီပေးကြည့်မယ်"

"တစ်ကယ်လား"

"တစ်ကယ်ဆို မကူညီပေးချင်ဘူးကွ...ငါ့သူငယ်ချင်းအရင်းကြီးက ဒီလောက်ထိဖြစ်နေလို့ ကူညီပေးရမှာ"

"ကျေးဇူးကိုတစ်သက်လုံးမမေ့ပါဘူးကွာ"

"ဟုတ်ပါပြီကွာ"

အခုမှပင် မြေ ပြန်ပြုံးမိသည်။
အပြင်မှ မေမေ၏အော်ခေါ်သံကြောင့် ထရပ်လိုက်လေတော့ ရုတ်တရပ်ထအောင့်လာသောဗိုက်ကြောင့် ခုံကိုကိုင်ထားလိုက်မိသည်။သူထမင်းကိုသေချာမစားဖြစ်တာတော်တော်ကြာပြီပင်။အောင့်နေသော ဗိုက်အား လက်ဖြင့်အသာဖိရင်း တံခါးသွားဖွင့်ပေးလိုက်သည်။

"သားလေး!...မျက်နှာကဘာဖြစ်တာလည်း...ချွေးစေးတွေလည်းပြန်လို့ပါလား...ဘာဖြစ်တာလည်း"

စိုးရိမ်တကြီးနှင့်မေးကာ နဖူးမှချွေးများကိုသုတ်ပေးလာသောမေမေကြောင့် မေမေလက်အားယူကာ ပြုံးပြလိုက်သည်။

"ဘာမှမဖြစ်ပါဘူး မေမေရဲ့...စောင်ခေါင်းမြှီးခြုံထားလို့ပါ"

"မေမေဖြင့်စိတ်တွေပူသွားတာပဲသားရယ်"

စိတ်အေးသွားဟန်ရှိသော မေမေက အမျက်မပါလေသောမျက်စောင်းလေးရွယ်ကာပြောလာသည်။

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now