part 34

51.3K 5.6K 792
                                    

!ကိုယ်မြင်ချင်တဲ့လမင်းရယ် ကိုယ်မက်ချင်တဲ့အိမ်မက်ရယ် ညတွေတစ်ညမှ ရောက်မလာဘူး!

!ယောင်ယောင်ပြီး ကိုယ်ခေါ်နေမိတယ် ဖြတ်သန်းလာတဲ့ အရိပ်ကလေးဟာ မင်းဆို အားလုံးပြည့်စုံသွားမယ်..!

!ရင်မှာဟာတာတာနဲ့ တစ်ခုလိုအပ်နေလို့ မင်းကို ဝေးရင်စိတ်ဓာတ်ကျလာတယ်!

!တကယ်ကို အထီးကျန်တဲ့နေ့တွေ ကိုယ်သိပ်လွမ်းနေတဲ့ညတွေ ဒီလိုဆက်တိုက်ကြီးဆို ရူးတော့မှာပဲ..!

အခန်းထဲအထိ ပီပီသသကြီး လွင့်ပျံ့လာနေတဲ့ သီချင်းသံကို နားစွင့်နေမိရင်း ဒေါန ပြတင်းတံခါးနားသို့ တိုးကပ်သွားကာ လိုက်ကာအား အသာဟကြည့်လိုက်သည်။ခြံစည်းရိုးနားကပ်၍ စားပွဲဝိုင်းခင်းကာ ပုလင်းထောင်နေသော စစ်နိုင်းကို တွေ့လိုက်ရတော့ ပင့်သက်ကို ရှိုက်မိလေသည်။ဒီရက်ပိုင်းတွေထဲ ညရောက်လာပြီဆို ဟန်စစ်နိုင်းတို့ ခြံစည်းရိုးနားကပ် အသဲကွဲသီချင်းတွေ ခပ်ကျယ်ကျယ် ဖွင့်ရင်း ပုလင်းထောင်တက်တာ ပုံမှန်ဖြစ်နေပြီ ဖြစ်သည်။တခါတလေ ညလုံးပေါက် ထိုင်သောက်နေတက်သော်လည်း ရံဖန်ရံခါတော့ ထိုခုံပေါ်မှာပဲ အိပ်ပျော်သွားတက်တာကို တွေ့ရသည်။ပုံစံကြည့်ရတာ ဆေးရုံလည်း သွားတဲ့ပုံ မပေါ်ပေ။ဒေါန ဘယ်လိုပဲ ဥပေက္ခာပြုထားပါစေ စစ်နိုင်း၏ အသဲကွဲသမား ဇာတ်ထုတ်ခင်းကျင်းနေတာကို ကြားနေရမြင်နေရတာပဲ ဖြစ်သည်။

ကလပ်မှာတွေ့တဲ့နေ့ကလည်း ဒေါန အနည်းငယ်တော့ လှုပ်ခတ်သွားရတာ ဝန်ခံပါသည်။ဘာဖြစ်လို့လဲဆိုတော့ စစ်နိုင်းရဲ့ ဒီလိုမျိုး ခံစားချက်တွေ လှိုက်လှိုက်လှဲလှဲ ဖြစ်နေတဲ့ပုံစံကို သူ့ဘဝမှာ ပထမဦးဆုံး မြင်တွေ့ဖူးခြင်း ဖြစ်သည်။စစ်နိုင်းရဲ့ စိတ်ခံစားချက်တွေကို သူ့ရဲ့လုပ်ရပ်များက အောက်ဆုံးအထိ ဆွဲချလိုက်နိုင်သလို အမြင့်ဆုံးအထိလည်း တွန်းတင်နိုင်သလိုမျိုး။ဟန်စစ်နိုင်းဆိုတဲ့ လူရဲ့အကောင်းအဆိုး အကြောင်အကျိုးများဟာ သူ့အပေါ်မှာသာ မှီတည်နေသလိုမျိုး ယောင်မှားသံသယ ဝင်လာမိသည်အထိပင်။ထို့နေညက စစ်နိုင်း၏ ပြိုလဲလှုပ်ခတ်နေသော ပုံစံကိုကြည့်၍ ဒေါန၏ ဒေါသတွေဟာလည်း ငြိမ်သက်သွားရကာ ဘာမှထပ်မပြောဖြစ်တော့ပေ။စစ်နိုင်း၏ ကားဖြင့် အိမ်ပြန်ပို့ပေးတာကိုလည်း တိတ်တဆိတ်သာ လိုက်ပါမိခဲ့ရင်း နှစ်ယောက်သား ဘာစကားမှလည်း မဆိုဖြစ်ကြပေ။

Green Eye(complete)Where stories live. Discover now